ဩဂဲနစ်၊ GAP နှင့် သဘာဝနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် လတ်လတ်ဆတ်ဆတ် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ထုတ်ကုန်များကို ရောင်းချပေးသည့် Safe Food from Safe Farm Market ကို ယခုအခါ ပြန်လည်ဖွင့်လှစ်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
ထိုစျေးကို ယနေ့ စက်တင်ဘာလ (၁၃)ရက်မှစတင်ပြီး ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးကို Covid – ၁၉ ကြောင့် ပိတ်ထားခဲ့ရခြင်းဖြစ်ပြီး (၅) နှစ်အကြာတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
