(Unicode)
ရန်ကုန်-မန္တလေး အမြန်ရထားကို တစ်ပတ်သုံးရက်ပြန်လည်ပြေးဆွဲမယ်
အခြေအနေအရပ်ရပ်ကြောင့် ယာယီပြေးဆွဲခြင်းမရှိပဲ ရပ်နားထားခဲ့တဲ့ ရန်ကုန်-မန္တလေးအမြန်ရထားတွေကို တစ်ပတ်သုံးရက်နဲ့တခြား ရထားလမ်းပိုင်းတွေကိုလည်း ဒီတစ်ပတ်အတွင်းမှာပြန် လည်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီး ရထားက သိရပါတယ်။
တနင်္ဂနွေ၊ဗုဒ္ဓဟူးနဲ့သောကြာနေ့တွေမှာ ပြေးဆွဲပေးသွားမှာဖြစ်ပြီး ရန်ကုန်ဘူတာကြီးကနေ မန္တ လေးကို ညနေ ၃ နာရီ ၄၅ မိနစ်မှာ စတင်ထွက်ခွာမှာဖြစ်ပါတယ်။
မန္တလေးဘူတာကြီးကနေတော့ ညနေ ၃ နာရီမှာထွက်ခွာမှာဖြစ်ပါတယ်။ရိုးရိုးတန်း ၄၆၅၀ ကျပ်၊အထက်တန်း ၉၃၀၀ ကျပ်နဲ့အိပ်စင် ၁၃၀၀၀ ကျပ်အဖြစ်လက်မှတ်ခတွေကိုသတ်မှတ်ထားပါတယ်။
“ရန်ကုန်-မန္တလေး အမြန်ရထားခုတ်မောင်းချိန်က ၁၆ နာရီကြာမှာဖြစ်ပါတယ် အဝေးပြေးကားခတွေကစျေးတွေမြင့်တက်နေတော့ ခရီးသွား အ ခြေခံလူတန်းစားတွေအတွက် ခရီးစရိတ်သက် သာစေဖို့အတွက်ပါ”လိုမြန်မာ့မီးရထားကတာဝန် ရှိသူတစ်ယောက်ကပြောပါတယ်။
အခြားရထားလမ်းပိုင်းတွေဖြစ်တဲ့ ရန်ကုန်-မန္တ လေး လော်ကယ်ရထား၊ ရန်ကုန်-ပြည် အ မြန်ရ ထား၊ ရန်ကုန်-ပြည် စာပို့ရထား၊ရန်ကုန်-မော်လမြိုင် စာပို့ရထား၊ ပျဥ်းမနား-တောင်တွင်းကြီး စာပို့ရထား၊ပုသိမ်-ကြံခင်း စာပို့ရထား တွေကိုနေ့စဥ်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။
မန္တလေး-ကန့်ဘလူက RBE တွဲဆိုင်း၊ မော်လမြိုင် -ရေး စာပို့ရထားက တစ်ပတ်နှစ်ရက်၊ မန္တလေး-ပုဂံ စာပို့ရထား၊ သာစည်-မြင်းခြံ စာပို့ရထား၊ မန္တ လေး-ပြင်ဦးလွင် ရထားက အပတ်စဥ် တနင်္လာနေ့နဲ့ ပြင်ဦးလွင်-ဂုတ်ထိပ်ရထားက အပတ်စဥ် အင်္ဂါ နေ့တိုင်းပြေးဆွဲပေးသွားတော့မှာပါ။
“တခြား ရထားလမ်းပိုင်းတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ပြေးဆွဲလို့မရသေးပါဘူး”လို့တာဝန်ရှိသူကဆက်ပြောပါတယ်။
(Zawgyi)
ရန္ကုန္-မႏၲေလး အျမန္ရထားကို တစ္ပတ္သုံးရက္ျပန္လည္ေျပးဆြဲမယ္
အေျခအေနအရပ္ရပ္ေၾကာင့္ ယာယီေျပးဆြဲျခင္းမရွိပဲ ရပ္နားထားခဲ့တဲ့ ရန္ကုန္-မႏၲေလးအျမန္ရထားေတြကို တစ္ပတ္သုံးရက္နဲ႔တျခား ရထားလမ္းပိုင္းေတြကိုလည္း ဒီတစ္ပတ္အတြင္းမွာျပန္ လည္ေျပးဆြဲေပးသြားမွာျဖစ္တယ္လို႔ ျမန္မာ့မီး ရထားက သိရပါတယ္။
တနဂၤေႏြ၊ဗုဒၶဟူးနဲ႔ေသာၾကာေန႔ေတြမွာ ေျပးဆြဲေပးသြားမွာျဖစ္ၿပီး ရန္ကုန္ဘူတာႀကီးကေန မႏၲ ေလးကို ညေန ၃ နာရီ ၄၅ မိနစ္မွာ စတင္ထြက္ခြာမွာျဖစ္ပါတယ္။
မႏၲေလးဘူတာႀကီးကေနေတာ့ ညေန ၃ နာရီမွာထြက္ခြာမွာျဖစ္ပါတယ္။႐ိုး႐ိုးတန္း ၄၆၅၀ က်ပ္၊အထက္တန္း ၉၃၀၀ က်ပ္နဲ႔အိပ္စင္ ၁၃၀၀၀ က်ပ္အျဖစ္လက္မွတ္ခေတြကိုသတ္မွတ္ထားပါတယ္။
“ရန္ကုန္-မႏၲေလး အျမန္ရထားခုတ္ေမာင္းခ်ိန္က ၁၆ နာရီၾကာမွာျဖစ္ပါတယ္ အေဝးေျပးကားခေတြကေစ်းေတြျမင့္တက္ေနေတာ့ ခရီးသြား အ ေျခခံလူတန္းစားေတြအတြက္ ခရီးစရိတ္သက္ သာေစဖို႔အတြက္ပါ”လိုျမန္မာ့မီးရထားကတာဝန္ ရွိသူတစ္ေယာက္ကေျပာပါတယ္။
အျခားရထားလမ္းပိုင္းေတြျဖစ္တဲ့ ရန္ကုန္-မႏၲ ေလး ေလာ္ကယ္ရထား၊ ရန္ကုန္-ျပည္ အ ျမန္ရ ထား၊ ရန္ကုန္-ျပည္ စာပို႔ရထား၊ရန္ကုန္-ေမာ္လၿမိဳင္ စာပို႔ရထား၊ ပ်ဥ္းမနား-ေတာင္တြင္းႀကီး စာပို႔ရထား၊ပုသိမ္-ႀကံခင္း စာပို႔ရထား ေတြကိုေန႔စဥ္ေျပးဆြဲေပးသြားမွာျဖစ္ပါတယ္။
မႏၲေလး-ကန္႔ဘလူက RBE တြဲဆိုင္း၊ ေမာ္လၿမိဳင္ -ေရး စာပို႔ရထားက တစ္ပတ္ႏွစ္ရက္၊ မႏၲေလး-ပုဂံ စာပို႔ရထား၊ သာစည္-ျမင္းၿခံ စာပို႔ရထား၊ မႏၲ ေလး-ျပင္ဦးလြင္ ရထားက အပတ္စဥ္ တနလၤာေန႔နဲ႔ ျပင္ဦးလြင္-ဂုတ္ထိပ္ရထားက အပတ္စဥ္ အဂၤါ ေန႔တိုင္းေျပးဆြဲေပးသြားေတာ့မွာပါ။
“တျခား ရထားလမ္းပိုင္းေတြကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျပးဆြဲလို႔မရေသးပါဘူး”လို႔တာဝန္ရွိသူကဆက္ေျပာပါတယ္။