Saturday, May 9, 2026

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့်...

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀...

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ...

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...
HomeNewsLocal Newsရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ...

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊ ဘူတာစဉ် (၁၃) ဘူတာ မရပ်နားဘဲ ကြာမြင့်ချိန်လျော့ချလာ

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။

ရန်ကုန်-မန္တလေး (၁၁) အဆန်၊ (၁၂) အစုန် အမြန်ရထားစဉ်ကို ယခင်က ရန်ကုန်ဘူတာကြီးမှ နံနက် (၅) နာရီထွက်ခွာ၍ မန္တလေးသို့ ည (၁၁) နာရီ (၄၅) မိနစ်တွင် ဆိုက်ရောက်ပြီး၊ ယခုအခါ ပြင်ဆင်လိုက်သည့် အချိန်အရ နံနက် (၆) နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ည (၆)နာရီ (၄၅) မိနစ်ဝန်းကျင်တွင် ဆိုက်ရောက်ကြောင်း သိရသည်။

ထို့အပြင် ခရီးစဉ်အတွင်း ဘူတာစဉ် (၂၈) ဘူတာစဉ်ရှိသည့်အနက် (၁၈)ဘူတာစဉ်ကိုသာ ရပ်နားပေးကြောင်းနှင့် ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဇေယျဝတီ၊ ရေတာရှည်၊ မြို့လှ၊ ရေနီ၊ သာဝတ္ထိ၊ ဧလာ၊ ညောင်ရမ်း၊ မြစ်သား စသည့် (၁၃)ဘူတာကို ရပ်နားခြင်းမပြုဘဲ ပြေးဆွဲနေ လျက်ရှိကြောင်း သိရသည်။

” အရင်ရပ်နေတဲ့ဘူတာစဉ်တွေမရပ်ပေးတာတော့ ကိုယ်တိုင် ကြုံလာတာလေ။ အချိန်တော့ တော်တော်သက်သာသွားတယ်။ အရင်ဆို မိုးချုပ်မှ မန္တလေးဝင်တော့ ဘူတာထဲညအိပ်ရတဲ့ ဒုက္ခကလည်းမသေးဘူး။ အခုတော်တော်အဆင်ပြေပါတယ်။ ဟို ဘူတာတွေမရပ်
ပေးတော့တာတော့ အရင်တုန်းကလည်း အမြန်ရထားတွေက ဘူတာစဉ်တိုင်းရပ်မပေးဘူးလေ။ အခုမရပ်ပေးတာတော့ မပြောတတ်ဘူး”ဟု ရန်ကုန်-မန္တလေး အမြန်ရထားစီးနင်းသည့် ခရီးသည်တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်-မန္တလေး လက်မှတ်နှုန်းမှာ အထက်တန်း ၂၁၀၀၀ ကျပ်၊ ရိုးရိုးတန်း ၁၁၀၀၀ ကျပ် စသည်ဖြင့် ယခင်သတ်မှတ်ဈေးနှုန်းအတိုင်းဖြစ်သာ ပြောင်းလဲခြင်းမရှိရောင်းချပေးနေ လျက်ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ခရီးစဉ်အား (၁၁) အဆန်၊ (၁၂) အစုန် အမြန်ရထား၊ (၁) အဆန်၊ (၂) အစုန် စာပို့ရထား တို့မှာ နေ့စဉ်ပြေးဆွဲနေပြီး ယခင်က ပြေးဆွဲခဲ့သော (၃) အဆန်၊ (၄) အစုန်နှင့် လေအိတ်တွဲဆိုင်းများဖြင့် ပြေးဆွဲသော (၅) အဆန်၊ (၆ )အစုန်ရထားများမှာ ပြေးဆွဲခြင်း ယာယီရပ်နားထားပြီး၊ လေအိတ်တွဲဆိုင်း အထူးရထားကို အပတ်စဉ် သောကြာနှင့် တနင်္ဂနွေရက်တို့တွင် ပြေးဆွဲ ပေးနေကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်)ရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’ ကို ကမ္ဘာကျော်အဆိုတော် ရှာကီရာ မိတ်ဆက်

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai" ကို မကြာမီ ဖြန့်ချိတော့မည်ဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။ ထူးခြားသည့် ပူးပေါင်းမှုနှင့် ဗီဒီယိုရို-က်ကူးမှု အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်သော ရှာကီရာသည် ယခုသီချင်းသစ်တွင် နာမည်ကြီး နိုင်ဂျီးရီးယားအဆိုတော် Burna Boy နှင့် တွဲဖက်သီဆိုထားခြင်းဖြစ်သည်။ သူမသည် အဆိုပါသီချင်းအတွက် ဘရာဇီးလ်နိုင်ငံ၏ သမိုင်းဝင် မာရာကာနာ (Maracanā) အားကစားကွင်းတွင် ရို-က်ကူးထားသည့် ဗီဒီယိုအမြည်း (Teaser)...

မြန်မာနိုင်ငံဒေသအချို့၌ မြင်တွေ့ခဲ့ရသည့် အလင်းတန်းမှာ အိန္ဒိယဒုံးပျံလွှတ်တင်မှုကြောင့် ဖြစ်ပေါ်သည့် သိပ္ပံနည်းကျဖြစ်စဉ်ဖြစ်ကြောင်း MASES အသိပေး

ယမန်နေ့ မေလ (၈) ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့၌ ကောင်းကင်ယံတွင် ထူးခြားသော အလင်းတန်းတစ်ခု ပျံသန်းသွားသည်ကို ဒေသခံများ မြင်တွေ့ခဲ့ကြရပြီး ယင်းဖြစ်စဉ်အပေါ် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အမျိုးမျိုးသော ခန့်မှန်းချက်များထွက်ပေါ်လာခဲ့သည်။ ယင်းဖြစ်စဉ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ဒုံးပျံပျံတက်သွားစဉ် စွန့်ထုတ်ခဲ့သည့် လောင်စာအကြွင်းအကျန်များကြောင့် ဖြစ်ပေါ်လာရသည့် သိပ္ပံနည်းကျဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်းက အသိပေးထားသည်။ အဆိုပါ အလင်းတန်းမှာ အိန္ဒိယနိုင်ငံ အာကာသလေ့လာရေးဌာန (ISRO) မှ ဂြိုဟ်တုနည်းပညာသုံး ကိရိယာများ တင်ဆောင်လွှတ်တင်လိုက်သည့် ဒုံးပျံမှ...

ရန်ကုန်စတော့အိတ်ချိန်းတွင် မေလပထမပတ်အတွင်း ရှယ်ယာစောင်ရေ ၆၇,၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ပေါ်၊ မေလ ၈ ရက်၌ စောင်ရေ ၁၉,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးစံချိန်တင်

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ မေလပထမပတ်အတွင်း စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ ကျပ်သန်း ၃၄၀ ကျော် တန်ဖိုးရှိသည့် ရှယ်ယာအစောင်ရေ ၆၇,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။ တစ်ပတ်တာအတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်မှု မေလ ၁ ရက်မှ ၃ ရက်အထိ အစိုးရရုံးပိတ်ရက်များ ဖြစ်သောကြောင့် အရောင်းအဝယ် နားခဲ့သော်လည်း ကျန်ရက်များတွင် အရှိန်အဟုန်ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သည် - မေ ၄ ရက်: ကျပ် ၈၅ သန်းကျော် (၁၇,၁၅၆ စောင်)မေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071