အခြေခံပညာ အထက်တန်းအဆင့်ပြီးမြောက်ထားသူများအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် Online Certificate ရမည့် သင်တန်း (၂) ခုကိုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာ အထက်တန်းအဆင့်ပြီးမြောက်ထားသူများလျှောက်ထားနိုင်သည့် Online Certificate သင်တန်း (၂) ခုကို ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၄) ရက်က စပြီး (၃) လကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
Water and Sanitation for Occupational Purpose (WSOP) နှင့် Good Manufacturing Practice (GMP)သင်တန်း ၂ ခုကိုဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကို လာမည့် စက်တင်ဘာ (၁၅) ရက် မနက် (၁၀) နာရီ က စပြီး Online Registration ပြုလုပ်သွားနိုင်မည်ဖြစ်ပြီး၊ လျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်တွင် ဖောင်ပိတ်သွားမည်ဖြစ်သည်။
သင်တန်းသားဦးရေ ကန့်သ-တ်ထားသည့်အတွက်လျှောက်လွှာပိတ်ရက်မတိုင်မီ သတ်မှတ်ဦးရေပြည့်ပါက Registration ပိ-တ်သွားမည်ဖြစ်ကြောင်း၊Online Registration အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများကို Email က တဆင့် အကြောင်းကြားပေးမည်ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁) ရက်တွင် သင်တန်းအပ်ရမည်ဖြစ်သည်။
သင်တန်းနှစ်ခုစလုံးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၄) ရက် မှစ၍ အွန်လိုင်းက တဆင့် စတင် သင်ကြားပို့ချသွားမည်ဖြစ်ပြီး Online Course ဖြစ်သည့်အတွက် အင်တာနက်ရှိရုံဖြင့်အချိန်မရွေး၊ နေရာဒေသမရွေး တက်ရောက်နိုင်ပြီး သင်တန်းပြီးမြောက်သည့်အခါ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဓာတုဗေဒဌာနက “e-Certificate” ကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
