Home Movies ရန်ကုန်မြို့တွင် တိုက်ခန်းတစ်ခု၏ Sun Shade ပေါ် တင်နေသည့် ကြောင်တစ်ကောင်အား မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကယ်ဆယ်

ရန်ကုန်မြို့တွင် တိုက်ခန်းတစ်ခု၏ Sun Shade ပေါ် တင်နေသည့် ကြောင်တစ်ကောင်အား မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကယ်ဆယ်

0
84

ရန်ကုန်၊ ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် Sun Shade ပေါ်သို့ ရောက်ရှိပြီး ပြန်မဆင်းနိုင်ဖြစ်နေသည့် ကြောင်တစ်ကောင်အား မီးသတ်တပ်ဖွဲ့ဝင်များက ဘေးကင်းစွာ သွားရောက်ကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စံရိပ်ငြိမ်(၆)လမ်းရှိ တိုက်ခန်း Sun Shade ပေါ်တွင် ကြောင်တစ်ကောင် တင်နေပြီး ပြန်မဆင်းနိုင်ဘဲ ဖြစ်နေသဖြင့် ပတ်ဝန်းကျင်မှ ပြည်သူများ၏ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ဘေးအန္တရာယ်ကင်းရှင်းစွာ ကယ်ဆယ်ပေးခဲ့ခြင်းဖြစ်သည်။

မိဘပြည်သူများအနေဖြင့် မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်များနှင့် အခြားရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် (Hotline) 191 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here