Sunday, August 2, 2026

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...

ပဲခူးတိုင်းအစိုးရအဖွဲ့က တိုင်းရဲတပ်ဖွဲ့ထံ ငွေကျပ်သိန်း(၁,၈၀၀)ကျော်တန် ဖိုးရှိ...

ပဲခူးတိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့်ဝယ်ယူထားသည့် ငွေကျပ်သိန်း (၁,၈၀၀)ကျော်တန်ဖိုးရှိ အမြန်သွားရေ ယာဉ်(Fiber Glass Boat)အား တိုင်းရဲတပ်ဖွဲ့ထံ သြဂုတ် ၁ ရက်နံနက်ပိုင်းကလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမြန်သွား...

သက်တမ်းနှစ် ၂၀ ကျော်လွန်နေသည့် မီတာများအား...

နေပြည်တော်၊ ဩဂုတ် ၂ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည် ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်လွန်နေသည့် မီတာများကို...

မိုးသည်းထန်စွာရွာသွန်း၍ ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်ရေကျော်

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်သို့ ယနေ့ သြဂုတ် ၂ ရက်နံနက် ၈ နာရီခန့်မှစတင်ကာ ရေကျော်လျက်ရှိကြောင်း သိရသည်။ ဟိုပုံး-လွိုင်ကော်သွားကာလမ်း၏ ပေါင်လင်းကျေးရွာ...
HomeMoviesရန်ကုန်မြို့တွင် ကျောက်မျက်နှင့် လက်ဝတ်ရတနာ...

ရန်ကုန်မြို့တွင် ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းပြပွဲ ကျင်းပမည်

ရန်ကုန်၊ သြဂုတ်-၂
ရန်ကုန်မြို့ ၊ ပြည်လမ်းမပေါ်ရှိ Lotte Hotel တွင် ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အရောင်းပြပွဲ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြပွဲကို ဩဂုတ် ၆ ရက်မှ ၉ ရက်အထိ လေးရက်ကြာကျင်းပသွားမည်ဖြစ်ပြီး ပြခန်းပေါင်း ၁၅၀ ကျော်ပါဝင်ပြသသွားမည်ဖြစ်သည်။

” ကျွန်တော်တို့ ကျင်းပမယ့် YGJF 2026 ဟာဆိုလို့ရှိရင် အရင် အရှေ့က ပြပွဲတွေနဲ့ မတူဘဲ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပါအဝင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း MGE ရဲ့ လမ်းညွှန်မှုတွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Myan Trade ရဲ့ တရားဝင် ပံ့ပိုးကူညီ ဆောင်ရွက်မှုတွေနဲ့ ကျွန်တော်တို့ ဒီပွဲကို ဒီတစ်ခေါက် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ YGJF 2026 ဟာဆိုရင် ကျောက်မျက်နှင့် လက်ဝတ်ရတနာများကို ပြသ ရောင်းချရုံ သက်သက်ပဲ မဟုတ်ဘဲ ကျွန်တော်တို့ မြန်မာ့ Gems & Jewelry Brand ကို မြှင့်တင်ပေးနိုင်မယ့် Platform တစ်ခု၊ Jewelry with Business Networking Hub တစ်ခု၊ International နဲ့ Domestic Buyers တွေကို ပြည့်စုံ ချိတ်ဆက်နိုင်မယ့် Marketplace တစ်ခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ Tourism, Trade နဲ့ Investments တွေကို ချိတ်ဆက်နိုင်မယ့် Gateway တစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးအောင်ကျော်ဇင်ကပြောသည်။

ယင်းပြပွဲကို မြန်မာ့ကျောက်မျက်ရတနာအချောထည်ကဏ္ဍကို ပြည်တွင်းမှတဆင့် နိုင်ငံတကာအထိ ထိုးဖောက်နိုင်ရန် ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ငွေကျပ် ၁၀ သိန်း၊ ငွေကျပ် သိန်း ၂၀  တန်ကျောက်မျက်များကိုရောင်းချပြီး ယင်းမှရရှိသည့် ငွေကြေး ၁၀ ရာခိုင်နှုန်းကို အခြားသောကျန်းမာရေးကဏ္ဍများတွင်လှူဒါန်းနိုင်မည့် CSR ပရိုဂရမ်တစ်ခုကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့် စက်လှေများအတွက်လိုအပ်သည့် စက်သုံးဆီများကို စက်သုံးဆီအရောင်းဆိုင် (၉)ဆိုင်၌ဝယ်ယူနိုင် 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးရာ၌ လူမှုရေးအသင်းအဖွဲ့များအ သုံးပြုလျက်ရှိသော ကားနှင့် စက်လှေများအတွက် စက်သုံးဆီများကို ဟင်္သာ တမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၉) ဆိုင်တွင်ဝယ်ယူနိုင်သည်ဟု ဧရာဝတီ တိုင်းအစိုးရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ဟင်္သာတမြို့၊ လယ်တောအဝေးပြေးကားဝင်းရှေ့ရှိ Green World စက်သုံးဆီအရောင်းဆိုင်၊ တလုပ်ထော်မြို့၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းရှိ Green World စက်သုံးဆီအရောင်းဆိုင်၊ လယ်တောအဝေးပြေးကားဝင်းရှေ့ရှိ...

ပဲခူးတိုင်းအစိုးရအဖွဲ့က တိုင်းရဲတပ်ဖွဲ့ထံ ငွေကျပ်သိန်း(၁,၈၀၀)ကျော်တန် ဖိုးရှိ အမြန်သွားရေယာဥ်လွှဲပြောင်းပေး အပ်

ပဲခူးတိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့်ဝယ်ယူထားသည့် ငွေကျပ်သိန်း (၁,၈၀၀)ကျော်တန်ဖိုးရှိ အမြန်သွားရေ ယာဉ်(Fiber Glass Boat)အား တိုင်းရဲတပ်ဖွဲ့ထံ သြဂုတ် ၁ ရက်နံနက်ပိုင်းကလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမြန်သွား ရေယာဉ်(Fiber Glass Boat)အား ပဲခူးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်မျိုးထူးထံလွှဲပြောင်းပေးအပ်ပြီး အမြန်သွားရေယာဥ်ကို ဧရာဝတီမြစ်အတွင်းစမ်းသပ်မောင်းနှင်မှုအားကြည့်ရှုခဲ့ကြောင်း သိရသည်။ အဆိုပါ အမြန်သွားရေယာဉ်(Fiber Glass Boat)သည် ငွေကျပ်သိန်း (၁၈၀၀)ကျော်တန်ဖိုးရှိပြီး ဧရာဝတီမြစ်အ တွင်း တရားမဝင်ပစ္စည်းများဖမ်းဆီးရမိရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမြန်သွားရေယာဉ်(Fiber Glass Boat)သည် အလျား(၂၇)ပေ၊ အနံ...

သက်တမ်းနှစ် ၂၀ ကျော်လွန်နေသည့် မီတာများအား လဲလှယ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ် ၂ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည် ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်လွန်နေသည့် မီတာများကို လဲလှယ်ပေးခြင်း၊ မီတာအသစ် လျှောက်ထားသူများကို လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ Digital Smart Meter များအား အများပြည်သူထံ မဖြန့်ဖြူးမီ လုံခြုံရေး Seal ခတ်နှိပ်ပေးသည့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲ၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေသည့် AMI Control Center...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071