Sunday, August 2, 2026

ပဲခူးတိုင်းအစိုးရအဖွဲ့က တိုင်းရဲတပ်ဖွဲ့ထံ ငွေကျပ်သိန်း(၁,၈၀၀)ကျော်တန် ဖိုးရှိ...

ပဲခူးတိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့်ဝယ်ယူထားသည့် ငွေကျပ်သိန်း (၁,၈၀၀)ကျော်တန်ဖိုးရှိ အမြန်သွားရေ ယာဉ်(Fiber Glass Boat)အား တိုင်းရဲတပ်ဖွဲ့ထံ သြဂုတ် ၁ ရက်နံနက်ပိုင်းကလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမြန်သွား...

သက်တမ်းနှစ် ၂၀ ကျော်လွန်နေသည့် မီတာများအား...

နေပြည်တော်၊ ဩဂုတ် ၂ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည် ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်လွန်နေသည့် မီတာများကို...

မိုးသည်းထန်စွာရွာသွန်း၍ ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်ရေကျော်

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်သို့ ယနေ့ သြဂုတ် ၂ ရက်နံနက် ၈ နာရီခန့်မှစတင်ကာ ရေကျော်လျက်ရှိကြောင်း သိရသည်။ ဟိုပုံး-လွိုင်ကော်သွားကာလမ်း၏ ပေါင်လင်းကျေးရွာ...

​မော်လမြိုင် မုယောင်းအမှိုက်ကျင်း၌ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရန်...

မော်လမြိုင်၊ သြဂုတ်-၂ ​မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုယောင်းအမှိုက်ကျင်းဧရိယာအတွင်း ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် သဘာဝမြေဩဇာ (Waste to Compost) စက်ရုံ တည်ဆောက်ထုတ်လုပ်ရန် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား...
HomeMoviesလေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့် စက်လှေများအတွက်လိုအပ်သည့် စက်သုံးဆီများကို စက်သုံးဆီအရောင်းဆိုင် (၉)ဆိုင်၌ဝယ်ယူနိုင် 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးရာ၌ လူမှုရေးအသင်းအဖွဲ့များအ သုံးပြုလျက်ရှိသော ကားနှင့် စက်လှေများအတွက် စက်သုံးဆီများကို ဟင်္သာ တမြို့ရှိ စက်သုံးဆီအရောင်းဆိုင်(၉) ဆိုင်တွင်ဝယ်ယူနိုင်သည်ဟု ဧရာဝတီ တိုင်းအစိုးရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။

ဟင်္သာတမြို့၊ လယ်တောအဝေးပြေးကားဝင်းရှေ့ရှိ Green World စက်သုံးဆီအရောင်းဆိုင်၊ တလုပ်ထော်မြို့၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းရှိ Green World စက်သုံးဆီအရောင်းဆိုင်၊ လယ်တောအဝေးပြေးကားဝင်းရှေ့ရှိ Power စက်သုံးဆီအရောင်းဆိုင်၊ ဟင်္သာတမြို့၊ လယ်တီကွင်းရပ် ကွက်၊ အင်္ဂပိုလမ်းရှိ “ရွှေခြင်္သေ့”စက်သုံးဆီအရောင်းဆိုင်တို့တွင်ဝယ်ယူနိုင်ကြောင်း သိရသည်။

ဟင်္သာတမြို့၊ ကုန်းကြီးရပ်ကွက်ရှိ Tiger စက်သုံးဆီအရောင်းဆိုင်၊ ဟ င်္သာတမြို့၊ နိဗ္ဗာန်ကျေးရွာရှိ “မြင့်”စက်သုံးဆီအရောင်းဆိုင်၊ ဟင်္သာတမြို့၊ ဟ င်္သာတ-ဆုံကုန်း-မြန်အောင်လမ်းရှိ “သန်းသန်းစိုး”စက်သုံးဆီအရောင်းဆိုင် ၊ ဟင်္သာတမြို့၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းရှိ “ထိပ်တန်း”စက်သုံးဆီအရောင်းဆိုင်၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းရှိ “ဟင်္သာလင်း”စက်သုံးဆီအရောင်းဆိုင်တို့တွင်လည်းဝယ်ယူနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်းအစိုးရအဖွဲ့က တိုင်းရဲတပ်ဖွဲ့ထံ ငွေကျပ်သိန်း(၁,၈၀၀)ကျော်တန် ဖိုးရှိ အမြန်သွားရေယာဥ်လွှဲပြောင်းပေး အပ်

ပဲခူးတိုင်းအစိုးရအဖွဲ့အစီအစဉ်ဖြင့်ဝယ်ယူထားသည့် ငွေကျပ်သိန်း (၁,၈၀၀)ကျော်တန်ဖိုးရှိ အမြန်သွားရေ ယာဉ်(Fiber Glass Boat)အား တိုင်းရဲတပ်ဖွဲ့ထံ သြဂုတ် ၁ ရက်နံနက်ပိုင်းကလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အမြန်သွား ရေယာဉ်(Fiber Glass Boat)အား ပဲခူးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်မျိုးထူးထံလွှဲပြောင်းပေးအပ်ပြီး အမြန်သွားရေယာဥ်ကို ဧရာဝတီမြစ်အတွင်းစမ်းသပ်မောင်းနှင်မှုအားကြည့်ရှုခဲ့ကြောင်း သိရသည်။ အဆိုပါ အမြန်သွားရေယာဉ်(Fiber Glass Boat)သည် ငွေကျပ်သိန်း (၁၈၀၀)ကျော်တန်ဖိုးရှိပြီး ဧရာဝတီမြစ်အ တွင်း တရားမဝင်ပစ္စည်းများဖမ်းဆီးရမိရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမြန်သွားရေယာဉ်(Fiber Glass Boat)သည် အလျား(၂၇)ပေ၊ အနံ...

သက်တမ်းနှစ် ၂၀ ကျော်လွန်နေသည့် မီတာများအား လဲလှယ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ် ၂ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည် ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်လွန်နေသည့် မီတာများကို လဲလှယ်ပေးခြင်း၊ မီတာအသစ် လျှောက်ထားသူများကို လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ Digital Smart Meter များအား အများပြည်သူထံ မဖြန့်ဖြူးမီ လုံခြုံရေး Seal ခတ်နှိပ်ပေးသည့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲ၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေသည့် AMI Control Center...

မိုးသည်းထန်စွာရွာသွန်း၍ ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်ရေကျော်

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံး-လွိုင်လင်သွားကားလမ်းပေါ်သို့ ယနေ့ သြဂုတ် ၂ ရက်နံနက် ၈ နာရီခန့်မှစတင်ကာ ရေကျော်လျက်ရှိကြောင်း သိရသည်။ ဟိုပုံး-လွိုင်ကော်သွားကာလမ်း၏ ပေါင်လင်းကျေးရွာ အုပ်စု၊ ဟဲလုံကျေးရွာနှင့် နံကင်ကျေးရွာကြား မိုင်တိုင်အမှတ် ၂၁၀/၀ နှင့် ၂၁၀/၁ ကြားတွင် ကားလမ်းရေ ကျော်ခြင်းဖြစ်၍  ဟိုပုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဒေသခံများနှင့် ခရီးသွားလာသူများအဆင် ပြေစေရေးအတွက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071