Monday, May 25, 2026

မုတ်သုံလေစတင်ဝင်ရောက်မှုနှင့်အတူ ကမ်းရိုးတန်းဒေသများတွင် မိုးကြီး၍ လှိုင်းလေပြင်းထန်နိုင်ပြီး...

မြန်မာနိုင်ငံဒေသအချို့သို့ အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်နေပြီဖြစ်ကာ လာမည့် မေလ (၂၉) ရက်မှ ဇွန်လ (၆) ရက်အတွင်း ကမ်းရိုးတန်းဒေသများ၌ မိုးကြီးခြင်းနှင့် လှိုင်းလေပြင်းထန်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း...

ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်မှ ခါးပိုက်နှိုက်...

ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်၌ ခါးပိုက်နှိုက်မှု ကျူးလွန်နေသော ခါးပိုက်နှိုက် ၁၇၀ ကျော်ကို ငါးလအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏...

ကသာမြို့ယာယီနေရပ်စွန့်ခွာပြည်သူများ ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံ့ငွေများကို မေလ (၂၄) ရက် နံနက်ပိုင်းက ကသာမြို့တော်ခန်းမတွင် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း...

ကိုရီးယားနိုင်ငံ၌ကျင်းပသည့် ဗုဒ္ဓနေ့အခမ်းအနား၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး...

ကိုရီးယားနိုင်ငံ၊ Bongeunsa Temple ၌ မေ ၂၄ ရက်က ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသည့် “50 Years of Gratitude &...
HomeNewsLocal Newsရန်ကုန်နှင့် မန္တလေးတို့ရှိ နားမကြားသောကလေးများကျောင်းမှ...

ရန်ကုန်နှင့် မန္တလေးတို့ရှိ နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/သူများခေါ်ယူ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) တို့မှ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူများခေါ်ယူလျက်ရှိသည်။

လျှောက်ထားသူများသည် အကြားအာရုံချို့ယွင်းအား နည်းသူ၊ အသက် (၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူ၊ အကြားအာရုံချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူ၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပ ညာများကိုသင်ယူလိုစိတ်ရှိသူ၊ အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည် ဖြစ်သည်။

အဆိုပါ ကျောင်းများသို့ ကျား/မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေးလျှောက်ထားနိုင်ကာ ကျောင်းအပ်နှံပါက မိဘ (သို့) အုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်နှံရာ၌ ကျောင်းသား/သူ၏ ပတ်စ်ပို့ဓာတ်ပုံ (၄) ပုံ ၊ မွေးစာရင်း (မူရင်း/မိတ္တူ)၊ မိဘ (၂) ဦး မှတ်ပုံတင် (မူရင်း/မိတ္တူ)၊ သန်းခေါင်စာရင်း (မူရင်း/မိတ္တူ)၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာန၏ ကူးစက်ရောဂါကင်းရှင်းကြောင်းထောက်ခံချက်၊ အကြားအာရုံချို့ယွင်းမှုတိုင်းတာစစ်ဆေးပြီးသည့် နားကြားနှုန်း (Audiograph dB) စာရွက်စာတမ်းတို့ပါရှိရမည်ဖြစ်သည်။

ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း၊ အမှတ်-၃၄ ။ F, G၊ အိုးစု (၃) လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့သို့ တိုင်း/ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်သည်။

ထို့အတူ နားမကြားသောကလေးများကျောင်း၊ အကွက် -၈၅၈၊ ချမ်း/တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့သို့ တိုင်း/ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်ကာ စာပေပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်တက်ရောက်ခွင့်ရရှိပါက သွားလာရေးခက်ခဲသောဒေသများမှ နားမကြားကျောင်းသား/သူများအနေဖြင့် ကျောင်းဝင်ကြေးနှင့် ကျောင်းလခပေးရန်မလိုသည့်အပြင် စားသောက်နေထိုင်ရေးကိုလည်း နိုင်ငံတော်ကတာဝန်ယူမည်ဖြစ် သည်။

ထို့ကြောင့် အသေးစိတ်သိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ဖုန်း ၀၆၇- ၄၀၄၂၅၂၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) ဖုန်း ၀၁- ၉၅၄၈၀၇၂၊ ၁၉ – ၂၅၀၀၇၇၂၆၈ နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) ဖုန်း ၀၉ – ၄၀၂၆၆၂၆၈၉၊ ၀၉-၄၅၉၇၆၀၅၁၆ တို့သို့ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုတ်သုံလေစတင်ဝင်ရောက်မှုနှင့်အတူ ကမ်းရိုးတန်းဒေသများတွင် မိုးကြီး၍ လှိုင်းလေပြင်းထန်နိုင်ပြီး မိုးကြိုးအန္တရာယ်ကို အထူးဂရုပြုရန် သတိပေး

မြန်မာနိုင်ငံဒေသအချို့သို့ အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်နေပြီဖြစ်ကာ လာမည့် မေလ (၂၉) ရက်မှ ဇွန်လ (၆) ရက်အတွင်း ကမ်းရိုးတန်းဒေသများ၌ မိုးကြီးခြင်းနှင့် လှိုင်းလေပြင်းထန်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာစိုင်ခွန်အာကာက သတိပေးပြောကြားထားသည်။ အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အထက်ပိုင်းတို့တွင် မုတ်သုံလေစတင်ဝင်ရောက်နေပြီဖြစ်ပြီး တနင်္သာရီ တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အောက်ပိုင်းတို့တွင် မုတ်သုံလေအပြည့် အဝလွှမ်းခြုံနေပြီဖြစ်သဖြင့် မုတ်သုံမိုးများ ဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါကာလအတွင်း ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးခရိုင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ရှိ ကမ်းရိုးတန်းနှင့် ကျွန်းငယ်လေးများတွင်...

ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်မှ ခါးပိုက်နှိုက် ၁၇၀ ကျော်ကို ငါးလအတွင်း ဖမ်းမိ

ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်နှင့် YBS ကားများပေါ်၌ ခါးပိုက်နှိုက်မှု ကျူးလွန်နေသော ခါးပိုက်နှိုက် ၁၇၀ ကျော်ကို ငါးလအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ အဆိုအရ ၂၀၂၆ ဇန်နဝါရီမှ မေ ၂၂ ရက်အထိ YBS ယာဉ်များပေါ်နှင့် ဘတ်စ်ကားမှတ်တိုင်များ၌ အခြေပြုလှုပ်ရှားနေသည့် ခါးပိုက်နှိုက် ၁၇၄ ဦးကို ဖမ်းမိခဲ့ကာ အရေးယူ ဆောင်ရွက်နေသည်ဟု ဆိုသည်။ ယင်းထဲ၌ အမျိုးသမီး ၂၁ ဦး ပါဝင်ကာ ကျန်သူများသည် အမျိုးသားများ ဖြစ်ကြသည်ဟုလည်း သိရသည်။ ၎င်းတို့ထံမှ ကျပ်...

ကသာမြို့ယာယီနေရပ်စွန့်ခွာပြည်သူများ ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံ့ငွေများကို မေလ (၂၄) ရက် နံနက်ပိုင်းက ကသာမြို့တော်ခန်းမတွင် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် (၃) လစာ လူဦးရေ (၃၄၆) ဦး အတွက်ထောက်ပံ့ငွေ ကျပ်် (၂၀,၇၆၀,၀၀၀) ကို ကသာခရိုင်၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း (၂၆၇၀) ဦးကျော်ရှိပြီး ယနေ့ထိ (၈၀၀) ဦးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071