ရန်ကုန်၊ စက်တင်ဘာ ၁၈
ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခါးပိုက်နှိုက်မှု ၂၀၆ မှုနှင့် ဆက်စပ်၍ အမျိုးသား ၁၆၅ ဦးနှင့် အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၁၈၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများထံမှ သက်သေခံပစ္စည်းများအဖြစ် လက်ကိုင်ဖုန်း ၂၃၅ လုံးနှင့် ငွေကျပ် ၆,၈၈၅,၇၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်း ခါးပိုက်နှိုက်မှုများ ထပ်မံမဖြစ်ပွားစေရေးနှင့် ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် YBS ယာဉ်လိုင်းများပေါ်တွင် အသွင်ယူစောင့်ကြည့်ခြင်းအပြင် လူစည်ကားရာနေရာများနှင့် ကားမှတ်တိုင်များ၌ လှည့်ကင်း၊ ဝပ်ကင်းနှင့် ရပ်ကင်းများဖြင့် စောင့်ကြည့်ဖမ်းဆီးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
