Friday, May 15, 2026

ဂျပန် Knock Out ပြိုင်ပွဲတွင်...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် ကိုလခုအန်ခမ်းမ (Korakuen Hall) တွင် ယနေ့ မေလ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် Knock Out...

ဂျပန် Knock Out ပြိုင်ပွဲတွင်...

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Korakuen Hall ၌ ယနေ့ မေလ (၁၅) ရက်တွင် ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲတွင်...

တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်(၃)မျိုး မသုံးစွဲရန် FDA...

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူသုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အာဆီယံဒေသတွင်းနိုင်ငံများ၏...

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ အီလက်ထရောနစ်စက်ရုံတွင် အလုပ်မရသေးသည့်...

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီ ရှိ အီလက်ထရောနစ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရန် အေဂျင်စီကို ငွေပေးချေထားသော်လည်းအချိန်ကြာမြင့်သည်အထိ အလုပ်မရရှိသေးသည့် မြန်မာအလုပ်သမား (၁၅) ဦး၏အခက်အခဲကို အလုပ်သမားသံအရာရှိရုံးက ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း...
HomeNewsLocal Newsရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေတိဂုံစေတီ...

ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေတိဂုံစေတီ တောင်ဘက်နှင့် အရှေ့ဘက်မုဒ် အပါအဝင် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားအလွန်ကောင်းသည့် ဆိုင်ကလုံးမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် အောက်တိုဘာလ ၂၄ ရက်တွင် ရန် ကုန်တိုင်း မြို့နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်အတွင်းရှိ ရွှေတိဂုံ စေတီတော်၏ တောင်ဘက်မုခ်စောင်းတန်းနှင့် အရှေ့ဘက်မုဒ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဘုရားဖူး ပြည်သူများက လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ ညနေပိုင်းတွင် မျှဝေထားသည်ကို တွေ့ရသည်။

ထို့အပြင် တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်တို့ရှိ အနိမ့်ပိုင်း ရပ်ကွက်များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ် လမ်းများပေါ်တွင် ဆိုးရွားစွာ ရေလျှံမှုများ ၊ နေအိမ်အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ် Ocean ဈေးဝယ်စင်တာအနီးရှိ လမ်းမပေါ်တွင် ရေများပြည့်လျှံနေသည့် မြင်ကွင်းကို ပြည်သူများမှ လူမှုကွန်ရက် စာမျက်နှာတွင် ဖြန့်ဝေထားသည်ကိုလည်း ယနေ့ အောက်တိုဘာ (၂၄) ရက်နေ့ပိုင်းတွင် တွေ့ရသည်။

အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုံးမုန်တိုင်း ” ဟမွန်း”သည် လက်ရှိအချိန်ထိ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွှေ့လျားမည့် အခြေအနေ မရှိသည့်အတွက် အဝါရောင်အ ဆင့်အနေဖြင့် သတ်မှတ်ထားကြောင်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။

မုန်တိုင်း ” ဟမွန်း” သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိသော်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ မုန်တိုင်း၏ သက်ရောက်မှုကို ခံစားရနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

ထို့အပြင် တိုင်းနှင့်ပြည်နယ် အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် သတိထား နေထိုင်ကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

Photo Credit

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန် Knock Out ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းနှင့် ဒေါင်းမိုက်သွေးတို့ အမှတ်ဖြင့် ရှုံးနိမ့်​​

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် ကိုလခုအန်ခမ်းမ (Korakuen Hall) တွင် ယနေ့ မေလ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲ၌ သွား ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာကိုယ် စားပြု ရိုးရာဖိုက်တာ ‌ဒေါင်းမိုက်သွေးနှင့် စူပါရေချမ်းတို့ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ့လက်ဝှေ့ကျော် စူပါရေချမ်းသည် ​၆၃ ကီလိုတန်းတွင် ထိုင်းနိုင်ငံသားဖိုက်တာ ကွန်နာပါနှင့် ရင်ဆိုင်ခဲ့ရာတွင် သတ် မှတ်သုံးချီအထိ အကြိတ်အနယ် ယှဉ် ပြိုင်ထိုးသတ်ခဲ့သော်လည်း သုံးချီအပြီးတွင် ဒိုင်များ၏ အဆုံးအဖြတ်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အလားတူ ၅၁...

ဂျပန် Knock Out ပြိုင်ပွဲတွင် စောဘဟိန်း အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ရ

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Korakuen Hall ၌ ယနေ့ မေလ (၁၅) ရက်တွင် ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောဘဟိန်းသည် အိမ်ရှင်ဂျပန်ဖိုက်တာအား အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ရကြောင်း သိရသည်။​စောဘဟိန်းသည် (၆၃) ကီလိုတန်းတွင် ဂျပန်ဖိုက်တာ ရှီဂျီမူရီ နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး၊ အပြန်အလှန် ထိုးသတ်မှုများအပြီး တတိယအချီတွင် အ လဲထိုး (KO) ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။​မနေ့ကပြုလုပ်ခဲ့သော ဆေးစစ်ဝိတ်ချိန်ခြင်းတွင် မြန်မာဖိုက်တာများဖြစ်ကြသည့် စူပါရေချမ်း၊ စောဘဟိန်း နှင့် ဒေါင်းမိုက်သွေးတို့...

တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်(၃)မျိုး မသုံးစွဲရန် FDA သတိပေး

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူသုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post-Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံနိုင်ငံများတွင် တွေ့ရှိထားသည့် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း (၃) မျိုးသည် FDA ၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း ထုတ်ပြန်ထားသည်။ ထိုအလှကုန်ပစ္စည်းများတွင် ပါဝင်သည့် တားမြစ်ဓာတုပစ္စည်းများကြောင့် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ပေါ်ခြင်းတို့အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071