Home Movies ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ အီလက်ထရောနစ်စက်ရုံတွင် အလုပ်မရသေးသည့် အလုပ်သမား (၁၅) ဦးအတွက် အလုပ်သမားသံအရာရှိရုံးမှ ညှိနှိုင်းဖြေရှင်းပေးခဲ့

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ အီလက်ထရောနစ်စက်ရုံတွင် အလုပ်မရသေးသည့် အလုပ်သမား (၁၅) ဦးအတွက် အလုပ်သမားသံအရာရှိရုံးမှ ညှိနှိုင်းဖြေရှင်းပေးခဲ့

0
65

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီ ရှိ အီလက်ထရောနစ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရန် အေဂျင်စီကို ငွေပေးချေထားသော်လည်းအချိန်ကြာမြင့်သည်အထိ အလုပ်မရရှိသေးသည့် မြန်မာအလုပ်သမား (၁၅) ဦး၏အခက်အခဲကို အလုပ်သမားသံအရာရှိရုံးက ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်သမား (၁၅) ဦး၏ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ယခု မေလ (၁၄) ရက်၌ အလုပ်သမားသံအရာ ရှိရုံးတာဝန်ရှိသူများသည် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA Call Center) သို့သွားရောက်ခဲ့ပြီး အေဂျင်စီနှင့်အလုပ် သမားများအကြား ညှိနှိုင်းဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ညှိနှိုင်းပေးရာတွင် အလုပ်သမားများထံမှ မလိုလားအပ်ဘဲ ကောက်ခံထားသည့် ငွေကြေးများကို အေဂျင်စီမှ ချက် ချင်းပြန်လည်ပေးအပ်စေခြင်းအပါအဝင်သတ်မှတ်ထားသည့် စက်ရုံတွင်အလုပ်လုပ်ကိုင်ခွင့် အမြန်ဆုံးရရှိစေရန် ဆက် လက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း အသိပေးထားသည်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် ပြည် ပရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် နစ်နာမှုများအတွက် ကူညီဆောင်ရွက်ပေးသည်ဟုလည်း အသိပေးထားပြီး ၊ အခက်အခဲတစ်စုံတရာဖြစ်ပေါ်ပါက ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here