မြို့နယ်မှ MSME လုပ်ငန်းရှင်များ၏မေးမြန်းမှုကို Agency ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကရှင်းလင်းဖြေ ကြား
ရန်ကုန်တိုင်းဒေသကြီး MSME Agency အဖွဲ့ဝင်များနှင့် ကျောက်တန်းမြို့နယ်မှ MSME လုပ်ငန်းရှင်များ စက်တင်ဘာ ၉ ရက်မွန်းလွဲပိုင်းက ကျောက်တန်းမြို့နယ် သာသနာ့ဗိမ္မာန်ခန်းမ၌တွေ့ဆုံခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီ ဥက္ကဋ္ဌ၊ ရန် ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော် တက်ရောက်၍ ကျောက်တန်းမြို့နယ်မှ MSME လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့်အခက်အခဲများမေးမြန်းမှုကိုရှင်းလင်းဖြေကြားခဲ့သည်။
ကျောက်တန်းမြို့နယ်မှ MSME လုပ်ငန်းရှင်များ၏မေးမြန်းမှုများကို စီးပွားကူးသန်း၊ SME-Development Bank (or) SMED Bank၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(YESC)၊ မြေစာရင်းဦးစီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့ပြင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ MSME ဌာနမှဝန်ထမ်းများကလည်း တက်ရောက်လာကြသည့် ကျောက်တန်းမြို့နယ်မှ MSME လုပ်ငန်းရှင်များကို SME ယာယီမှတ်ပုံတင်လက်မှတ်များအား One Stop Service စနစ်ဖြင့် ပြုလုပ်ပေးခဲ့ကြသည်။
