ရန်ကုန်တိုင်း MSME အေဂျင်စီအဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ သြဂုတ် ၁၄ ရက်မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမ္မာန် ခန်းမတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များကကြုံတွေ့နေရသည့်အခက်အခဲများကိုမေးမြန်းရာ MSME အေ ဂျင်စီ ဥက္ကဋ္ဌနှင့် သန်လျင်မြို့နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ စည်ပင်ဌာန၊ စီးပွားးကူးသန်းဌာန၊ မြန်မာ့စီးပွာရေးဘဏ်၊ SMEDB Bank၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်း (YESC)၊ မြေစာရင်းဦးစီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ် ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ၏ MSME ဌာနဝန်ထမ်းများက သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များကို SME ယာယီမှတ်ပုံတင်လက်မှတ်များအား One Stop Service ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။