Thursday, July 30, 2026

နိုင်ငံတော်သမ္မတ၏ အစိုးရရက် (၁၀၀) ပြည့်...

နေပြည်တော်၊ ဇူလိုင် ၃၀ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ၂၀၂၆ ခုနှစ်...

လျှပ်စစ်မီတာ အသစ်များကို website မှတဆင့်...

ရန်ကုန်၊ ဇူလိုင် ၃၀ လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း...

မိမိယာဉ်နံပါတ်ကို အလွဲသုံးစားပြု၍ စက်သုံးဆီဝယ်ယူခံရသည့် ယာဉ်ပိုင်ရှင်များအတွက်...

နေပြည်တော်၊ ဇူလိုင် ၃၀ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်းများ အသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်း ခံခဲ့ရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး...

ပြင်ဦးလွင် ဓမ္မသဟာယသာသနစင်တာ၌ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဝါဆိုဝါကပ်တော်မူ

မြန်မာသက္ကရစ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌ ဝါဆိုဝါကပ်တော်မူခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-...
HomeMoviesရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ပြန်လည်ဖွင့်လှစ်ရန်...

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ

ရန်ကုန်၊ဇူလိုင်-၂၉

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း မေးမြန်းချက်များအရ သိရသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်ခဲ့သည့် ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀) ပြည့် ရာပြည့်ပွဲတော်အမီ ပြန်လည်မွမ်းမံပြင်ဆင်ရန်အတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ခေတ္တပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြီးစီးသွားခဲ့သော်လည်း ထိုစဉ်က ကိုဗစ်-၁၉ (COVID-19) ကပ်ရောဂါ အခြေအနေများနှင့် နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများကြောင့် အများပြည်သူဆိုင်ရာ အခမ်းအနားများ ကျင်းပခြင်းကို ကန့်သတ်ထားခဲ့သည်။

ယခုအခါ ၆ နှစ်ကျော်ကြာပြီးနောက် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများကိုပြုလုပ်နေပြီဖြစ်သည်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမသည် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်ခဲ့သော ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ပြည့် စိန်ရတုသဘင် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည့် အဆောက်အအုံ ဖြစ်ပြီး ကမာရွတ်မြို့နယ် ပြည်လမ်းဘက်တွင် တည်ရှိသည်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲတော်ကို တစ်ပတ်ကြာ ကျင်းပခဲ့သည်။

အဆိုပါ စိန်ရတုခန်းမကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(န-ဝ-တ) အစိုးရမှ ကျပ်သိန်း ၆၃၀ အကုန်အကျခံကာ စိန်ရတုအထိမ်းအမှတ်အဖြစ် အဆိုပါခန်းမကို ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဇူလိုင် ၃၁ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်၊ ဇူလိုင် ၃၀ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။ အဆိုပါ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို MRTV-HD၊ MRTV-News၊ MRTV-Parliament၊ MRTV-Farmers'၊ MWD-HD၊ MWD-Variety ရုပ်သံလိုင်းများနှင့် FM ရေဒီယိုမှ တစ်နိုင်ငံလုံးရှိ ပြည်သူများထံ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ၏ ယခုမိန့်ခွန်းသည် အစိုးရတာဝန်ထမ်းဆောင်သည့် ရက် (၁၀၀)...

လျှပ်စစ်မီတာ အသစ်များကို website မှတဆင့် ဩဂုတ် (၁၅) ရက်တွင် စတင်လျှောက်ထားနိုင်မည်

ရန်ကုန်၊ ဇူလိုင် ၃၀ လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အိမ်သုံးမီတာများအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာအသစ်များကိုပါ လျှောက်ထားနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ထံမှ ငှားရမ်းအသုံးပြုရာတွင် မီတာများ လျှင်မြန်စွာ ရရှိနိုင်ရေး၊ ပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုမရှိဘဲ အချိန်နှင့် စရိတ်စက သက်သာစေရန်အတွက် Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်မည် ဖြစ်သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့...

မိမိယာဉ်နံပါတ်ကို အလွဲသုံးစားပြု၍ စက်သုံးဆီဝယ်ယူခံရသည့် ယာဉ်ပိုင်ရှင်များအတွက် QR Code အသစ်ထုတ်ပေးမည့် လုပ်ငန်းစဉ် အသိပေးထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၃၀ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်းများ အသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်း ခံခဲ့ရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး လုပ်ငန်းစဉ်ကို အသိပေးထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် ယာဉ်ပိုင်ရှင်များသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် လိုအပ်သည့် အထောက်အထားများဖြင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် မူရင်း၊ မှတ်ပုံတင်စာအုပ်အရောင်၊ ယာဉ်အရောင်၊ ယာဉ်၏ရှေ့၊ နောက်နှင့် ဘေးဘက်မြင်ကွင်းဓာတ်ပုံများအပြင် ယာဉ်မှတ်ပုံတင်စာအုပ်ပါ QR Code အချက်အလက်များကို စိစစ်တင်ပြရမည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071