Sunday, May 10, 2026

တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ ပိုမိုခန့်ထားနိုင်ရေး...

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအသင်းအဖွဲ့များနှင့် တွေ့ဆုံမှု ယမန်နေ့က တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဂုဏ်ပြုချီးမြှင့်မှုအဆိုပါတွေ့ဆုံပွဲတွင်...

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ကျောက်မျက်ပြတိုက်ကို ငလျင်ဒဏ်ခံစံချိန်စံညွှန်းများနှင့်အညီ...

ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေးမှု မေလ ၉ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြတိုက်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဓိကစစ်ဆေးမှု ပြတိုက်အဆောက်အအုံ၏...

ငွေဆောင်လူရည်ချွန်စခန်း၏ စခန်းသိမ်းမီးပုံပွဲ အခမ်းအနား ကျင်းပ

လူရည်ချွန်စခန်း(ငွေဆောင်)စခန်းသိမ်းမီးပုံပွဲ အခမ်းအနားကို မေလ ၉ရက်နေ့ညက ​ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။  အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌလွှတ်တော်ဒုတိယဥက္ကဌ ၊နှင့် ပညာရေးဝန်ကြီးဌာနမှ...

မင်းဘူးခရိုင်တွင် ဝါဧက ၄၃,၀၀၀ ကျော်ဖြင့်...

စီမံကိန်းအသေးစိတ်စိုက်ပျိုးမည့်ဧရိယာမင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅) ခုတွင် ဝါသီးနှံမျိုးစုံ စုစုပေါင်း ၄၃,၂၇၉ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။ ရည်ရွယ်ချက်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဝါအရည်အသွေး ကောင်းမွန်ပြီး ချည်ချောအဆင့်အထိ...
HomeCelebrities' NewsCover Newsရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများ အပါအဝင်...

ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများ အပါအဝင် ဆရာ/ဆရာမ ၃ဝဝကျော် အလုပ်မှ ထုတ်ပယ်ခံရ

ရန်ကုန်၊ မေ ၂၆

CDM လှုပ်ရှားမှုတွင် ပါဝင်သော ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခ ၅ဝကျော် အပါအဝင် ဆရာ/ဆရာမ စုစုပေါင်း အယောက် ၃ဝဝကျော် ရာထူးမှ ထုတ်ပယ်ခံ လိုက်ရသည်ဟု ယင်းတက္ကသိုလ်မှ ထုတ်ပြန်ချက်အရသိရသည်။

ယခုလ ၂ဝရက်နေ့က ပြုလုပ်သည့် ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေး အဖွဲအစည်းအဝေး ၁/၂၀၂၁ ၏ ဆုံးဖြတ်ချက်အရဟု တက္ကသိုလ် စီမံခန့်ခွဲရေး အဖွဲကဆိုထားကာ ရာထူးမှ  ထုတ်ပယ်ခံလိုက်ရသည့် ဆရာဆရာမဦးရေ ၃၃၈ဦး ရှိကြောင်းသိရသည်။

ယင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲက အဆိုပါ ဆရာ/ဆရာမများသည် ခွင့်မဲ့ပျက်ကွက်ခြင်း၊ အမိန့် ညွန်ကြားချက် များလိုက်နာရန်ပျက်ကွက်ခြင်းတို့ကြောင့်ဟု ထုတ်ပြန်စာတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှ CDM ဆရာ ဆရာမ ၃၀၀ ကျော်ကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန် ခဲ့ပြီးနောက် ယခု မေလ ၂၀ ရက်နေ့တွင် ရာထူးမှထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071