Friday, May 15, 2026

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ...

မဟာဗောဓိတစ်ထောင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင်ရှိ ဗောဓိပင်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ၁၃၂၂ ခုနှစ်၊ ၁၉၆၀ ခုနှစ်တွင်...

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၅ နိုင်ငံခရီးစဉ်...

နယူးဒေလီ၊ မေ ၁၅ ရက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ နယ်သာလန်၊ ဆွီဒင်၊ နော်ဝေနှင့် အီတလီနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်ကို...

တရုတ်နိုင်ငံတော်ညစာစားပွဲ၌ တင်မ်ကွတ်နှင့် အီလွန်မတ်စ်တို့ အလယ်တွင်...

ကုန်ထုတ်လုပ်မှုလုပ်ငန်းစုကြီးဖြစ်သော Lens Technology ကို ဦးဆောင်နေသည့် ကျိုးကွမ်ဖေးသည် ကြာသပတေးနေ့ညက တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် တည်ခင်းဧည့်ခံသည့် နိုင်ငံတော်ညစာစားပွဲတွင်...
HomeNewsLocal Newsရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်...

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပါရဂူ (PhD) သင်တန်းသားများ ခေါ်ယူ

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (PhD) သင်တန်းသားများကို ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒနှင့် စာရင်းအင်းပညာ အထူးပြုဘာသာရပ်များဖြင့် ခေါ်ယူလျက်ရှိကြောင်း သိရသည်။

ပါရဂူဘွဲ့သင်တန်း လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အသက် ၄၅ နှစ်ထက် မကျော်လွန်သူဖြစ်ရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပါရဂူအကြိုသင်တန်းကို အချိန်ပြည့် တစ်နှစ်တက်ရောက်နိုင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများအနေဖြင့် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်၌ အနည်းဆုံး မဟာဘွဲ့ရရှိထားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဘာသာရပ်ဆိုင်ရာနှင့် အင်္ဂလိပ်စာ ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုအောင်မြင်ရမည်ဖြစ်သည်။

မဟာသုတေသနဘွဲ့ရရှိထားသူများမှာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုဘဲ လူတွေ့စစ်ဆေးမှုသာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် ပုံစံဖြင့် ၂၀၂၆ ခုနှစ် မေ ၁၉ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

ဝင်ခွင့်စာမေးပွဲကို မေ ၂၁ ရက်တွင် သက်ဆိုင်ရာဘာသာရပ်နှင့် မေ ၂၂ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်တို့အား နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရေးဖြေစာမေးပွဲအောင်မြင်သူများနှင့် မဟာသုတေသနဘွဲ့ရရှိထားသူများကို မေ ၂၈ ရက်တွင် လူတွေ့စစ်ဆေးသွားမည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာဘာသာရပ် ပါမောက္ခ/ဌာနမှူးများထံနှင့် မော်ကွန်းထိန်း (ကျောင်းသားရေးရာ) ဖုန်းနံပါတ် ၀၁-၇၅၂၆၆၁၃ နှင့် ၀၉-၂၅၀၁၈၆၈၂၉ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှီနှင့် ထရမ့်ပ်တို့အကြား ဘုံသဘောတူညီချက်အသစ်များစွာရ

ပေကျင်း၊ မေ ၁၅ ရက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့သည် နှစ်နိုင်ငံဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စရပ်များအပေါ် အသေးစိတ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဘုံနားလည်မှုအသစ်များစွာ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ကိုးနှစ်အတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သကဲ့သို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ထရမ့်ပ်၏ ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ လာမည့်သုံးနှစ်နှင့် ထိုထက်ကျော်လွန်သော ကာလများအထိ တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးနိုင်ရန်၊...

မဟာဗောဓိတစ်ထောင်ရှိ ဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့် ရွှေဆေးသင်္ကန်းကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင်ရှိ ဗောဓိပင်များနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ၁၃၂၂ ခုနှစ်၊ ၁၉၆၀ ခုနှစ်တွင် ဒီပါအေးဗောဓိကွင်းကို စတင်စိုက်ပျိုးခဲ့ရာ ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခဲ့ကြသည်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း (၆၀)ကျော်ပြီဖြစ်ကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင် နာယကဆရာတော်များ၊ ဝန်ဆောင်ဆရာတော်များ၊ သံဃာတော်များနှင့် ဒါယကာ ဒါယိကာမများသည် ဗောဓိပင်များကို စဥ်ဆက်မပြတ်စိုက်ပျိုးပူဇော်လျက်ရှိကြရာ ပြီးခဲ့သည့် ကဆုန်လပြည့်နေ့ကလည်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဗောဓိပင် (၅၅) ပင် စိုက်ပျိုးပူဇော်ခဲ့ကြကြောင်း သိရသည်။ မဟာဗောဓိတစ်ထောင် ရှိဗုဒ္ဓရုပ်ပွားတော်များ ပြုပြင်ခြင်းနှင့်ရွှေဆေးသင်္ကန်းကပ်လှူရန်အတွက်...

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၅ နိုင်ငံခရီးစဉ် စတင်

နယူးဒေလီ၊ မေ ၁၅ ရက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ နယ်သာလန်၊ ဆွီဒင်၊ နော်ဝေနှင့် အီတလီနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်ကို သောကြာနေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။ မီဒီယာများ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ်၏ အဆိုပါခရီးစဉ်သည် ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ဆန်းသစ်တီထွင်မှုနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု တို့အပါအဝင် ကဏ္ဍပေါင်းစုံတွင် အိန္ဒိယ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ခြင်းဖြစ်သကဲ့သို့ ဥရောပနှင့် ပင်လယ်ကွေ့ဒေသတို့တွင် နူးဒေလီ၏ တိုးချဲ့ထိတွေ့ဆက်ဆံမှုများကို ပိုမိုခိုင်မာစေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။ ယခုခရီးစဉ်သည် မိုဒီအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071