(Unicode)
ရန်ကုန်စီးတီးတက္ကစီတွေကို မှတ်သားရလွယ်ကူတဲ့ အရောင်(သို့)အမှတ်အသား တစ်ပြေးညီ သတ်မှတ်ဖို့ စီစဉ်နေ
ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ ရန်ကုန်စီးတီးတက္ကစီအသင်း( ယာယီ)က စီးနင်းအသုံးပြုမယ့် ခရီးသည်တွေ လွယ်ကူစွာ ချိတ်ဆက်ခေါ်ယူနိုင်မယ့် နည်းပညာအသုံးပြုစနစ်တွေဖြစ်တဲ့ Call Center တွေကို လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ စီးတီးတက္ကစီတွေကို မှတ်သားရ လွယ်ကူတဲ့ အရောင်( သို့)အမှတ်အသားတွေကို တစ်ပြေးညီ သတ်မှတ်သွားဖို့ စီစဉ်နေတဲ့အပြင် လုံခြုံရေးစနစ်အတွက် GPS Control Center နဲ့ စောင့်ကြည့်ထိန်းချုပ်တဲ့စနစ်စတာတွေကိုပါ လုပ်ဆောင်ဖို့ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်စီးတီးတက္ကစီအသင်း(ယာယီ)ကိုရန်ကုန်တိုင်းအစိုးရအဖွဲ့က မကြာသေးမီက စတင်ဖွဲ့စည်းပေးလိုက်တာပါ။
YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က“ ဒီအသင်းက ယာဉ်ပိုင်ရှင်အသင်းဖြစ်ပါတယ်။ သူ့အောက်မှာတော့ ယာဉ်မောင်းတွေ ဘာတွေတော့ ဖွဲ့နိုင်တာပေါ့နော်။ အခုက ယာယီအသင်းဖြစ်တယ်”လို့ ပြောပါတယ်။
စီးတီးတက္ကစီယာဉ်ပိုင်ရှင်များအသင်းအား YRTC ဦးဆောင်မှုနဲ့ ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စီစဉ်ခဲ့တာပါ။
အဲ့ဒီတုန်းက ဦးလျန်ကျင့်မန်က “ရည်ရွယ်ချက်ကတော့ တက္ကစီယာဉ်ပိုင်ရှင်တွေရဲ့ လိုအပ်ချက် တွေကို အချင်းချင်း အကြံပြု တင်ပြနိုင်ဖို့၊ အချင်းချင်းထိန်းကျောင်းဖို့ ပါတယ်။ နောက်တစ်ချက် က ရန်ကုန်မြို့ရဲ့ ယာဉ်ကြေကျပ်တည်းမှု ကို ဖြေရှင်းပေးနိုင်ဖို့။ အခုဆိုရင် တက္ကစီ ယာဉ်တွေက လူမပါဘဲ အလွတ်သွားနေရတယ်။ သွားလာရင်း လူရှာတော့ ယာဉ်ကြောကျပ်တည်းတာတွေရှိတယ်။ ဒါ့အပြင်အဲဒါတွေကိုဖြေရှင်းဖို့ ယာဉ်ရပ်ကွင်းနေရာတွေ ဖော်ဆောင်ဖို့နဲ့ တက္ကစီကို on call သဘောမျိုး application နဲ့ ခေါ်ဆောင်နိုင်ဖို့ ကိုလည်း ရည်ရွယ်ထားပါတယ်’’ လို့ ပြောဆိုထားဖူးပါတယ်။
ရန်ကုန်မြို့မှာ မှတ်ပုံတင်ထားတဲ့ စီးတီးတက္ကစီ ၆၅,၀၀၀ ကျော်ရှိပြီး၊ နယ်လိုင်စင်ဖြင့် ခွင့်ပြုပေးထားသော စီးတက္ကစီ ၂၀,၀၀၀ ကျော်ရှိတယ်လို့ YRTC ကနေသိရပါတယ်။
(Zawgyi)
ရန္ကုန္စီးတီးတကၠစီေတြကို မွတ္သားရလြယ္ကူတဲ့ အေရာင္(သို႔)အမွတ္အသား တစ္ေျပးညီ သတ္မွတ္ဖို႔ စီစဥ္ေန
ဖြဲ႕စည္းလိုက္ၿပီျဖစ္တဲ့ ရန္ကုန္စီးတီးတကၠစီအသင္း( ယာယီ)က စီးနင္းအသုံးျပဳမယ့္ ခရီးသည္ေတြ လြယ္ကူစြာ ခ်ိတ္ဆက္ေခၚယူႏိုင္မယ့္ နည္းပညာအသုံးျပဳစနစ္ေတြျဖစ္တဲ့ Call Center ေတြကို လုပ္ေဆာင္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
ဒါ့အျပင္ ရန္ကုန္ၿမိဳ႕မွာ ေျပးဆြဲေနတဲ့ စီးတီးတကၠစီေတြကို မွတ္သားရ လြယ္ကူတဲ့ အေရာင္( သို႔)အမွတ္အသားေတြကို တစ္ေျပးညီ သတ္မွတ္သြားဖို႔ စီစဥ္ေနတဲ့အျပင္ လုံၿခဳံေရးစနစ္အတြက္ GPS Control Center နဲ႔ ေစာင့္ၾကည့္ထိန္းခ်ဳပ္တဲ့စနစ္စတာေတြကိုပါ လုပ္ေဆာင္ဖို႔ရွိေနတယ္လို႔ သိရပါတယ္။
ရန္ကုန္စီးတီးတကၠစီအသင္း(ယာယီ)ကိုရန္ကုန္တိုင္းအစိုးရအဖြဲ႕က မၾကာေသးမီက စတင္ဖြဲ႕စည္းေပးလိုက္တာပါ။
YRTC ရဲ႕ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က“ ဒီအသင္းက ယာဥ္ပိုင္ရွင္အသင္းျဖစ္ပါတယ္။ သူ႔ေအာက္မွာေတာ့ ယာဥ္ေမာင္းေတြ ဘာေတြေတာ့ ဖြဲ႕ႏိုင္တာေပါ့ေနာ္။ အခုက ယာယီအသင္းျဖစ္တယ္”လို႔ ေျပာပါတယ္။
စီးတီးတကၠစီယာဥ္ပိုင္ရွင္မ်ားအသင္းအား YRTC ဦးေဆာင္မႈနဲ႔ ဖြဲ႕စည္းဖို႔ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလကတည္းက စီစဥ္ခဲ့တာပါ။
အဲ့ဒီတုန္းက ဦးလ်န္က်င့္မန္က “ရည္႐ြယ္ခ်က္ကေတာ့ တကၠစီယာဥ္ပိုင္ရွင္ေတြရဲ႕ လိုအပ္ခ်က္ ေတြကို အခ်င္းခ်င္း အႀကံျပဳ တင္ျပႏိုင္ဖို႔၊ အခ်င္းခ်င္းထိန္းေက်ာင္းဖို႔ ပါတယ္။ ေနာက္တစ္ခ်က္ က ရန္ကုန္ၿမိဳ႕ရဲ႕ ယာဥ္ေၾကက်ပ္တည္းမႈ ကို ေျဖရွင္းေပးႏိုင္ဖို႔။ အခုဆိုရင္ တကၠစီ ယာဥ္ေတြက လူမပါဘဲ အလြတ္သြားေနရတယ္။ သြားလာရင္း လူရွာေတာ့ ယာဥ္ေၾကာက်ပ္တည္းတာေတြရွိတယ္။ ဒါ့အျပင္အဲဒါေတြကိုေျဖရွင္းဖို႔ ယာဥ္ရပ္ကြင္းေနရာေတြ ေဖာ္ေဆာင္ဖို႔နဲ႔ တကၠစီကို on call သေဘာမ်ိဳး application နဲ႔ ေခၚေဆာင္ႏိုင္ဖို႔ ကိုလည္း ရည္႐ြယ္ထားပါတယ္’’ လို႔ ေျပာဆိုထားဖူးပါတယ္။
ရန္ကုန္ၿမိဳ႕မွာ မွတ္ပုံတင္ထားတဲ့ စီးတီးတကၠစီ ၆၅,၀၀၀ ေက်ာ္ရွိၿပီး၊ နယ္လိုင္စင္ျဖင့္ ခြင့္ျပဳေပးထားေသာ စီးတကၠစီ ၂၀,၀၀၀ ေက်ာ္ရွိတယ္လို႔ YRTC ကေနသိရပါတယ္။

