Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeMyanmar Theatrical Traditionရန်ကုန်မှာ ဇာတ်သဘင်ရဲ့ အနှစ်သာရစစ်စစ်တွေကို...

ရန်ကုန်မှာ ဇာတ်သဘင်ရဲ့ အနှစ်သာရစစ်စစ်တွေကို ကပြချင်တယ်ဆိုတဲ့ မန္တလေးက လှိုင်ဘွားအောင်

Hlain

မြန်မာနိုင်ငံမှာတော့ ရိုးရာအကကို ကပြတင်ဆက်နေကြတဲ့ ဇာတ်အဖွဲ့တွေ ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ အများအပြားရှိပါတယ်။ အဲဒီလိုအများအပြားရှိတဲ့ အထဲကမှာ မြန်မာပြည်အထက်ပိုင်းမှာ ၁၈နှစ်ကျော်ကြားကပြလာခဲ့ပြီးဖြစ်ကာ ဗလာဇာတ်ကရင်းမြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရင်းတင်ဆက်ကပြနေတဲ့ ဇာတ် အဖွဲ့ တစ်ဖွဲ့အကြောင်း တင်ပြချင်ပါတယ်။ အဲဒီ့ဇာတ်အဖွဲ့ကတော့ ပန်တျာ မြန်မာဇာတ်အဖွဲ့ ပဲဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ခေါင်းဆောင်မင်းသားကတော့ လှိုင်ဘွားအောင်ပဲဖြစ်ပါတယ်။ သူကတော့ ယခင်သဘင်အစည်းအရုံး (ဗဟို)ရဲ့ ဥက္ကဋ္ဌပန်ထျာဦးမြကြည်ရဲ့သားလည်းဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ဇာတ် သဘင်အမွေကိုဆက်ခံရင်း ကြိုးစားလာခဲ့တာအခုဆိုရင် သဘင်သက် ၁၈နှစ်ထဲကို ဝင်ရောက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

လှိုင်ဘွားအောင်အနေနဲ့ကတော့ မန္တလေးမှာ ဗလာဇာတ်ကို အဓိက ထားကပြပါတယ်။ ရုံဇာတ်ကတော့ ကန်ထရိုက်တွေစီစဉ် တဲ့ပွဲမျိုးတွေမှာ တော့ ကပြဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင် ငံတစ် နိုင်ငံလုံးအနေ အထားဆိုရင်ဇာတ်အဖွဲ့အတွေအများ ကြီးရှိသလို အောင်မြင်ကျော် ကြားတဲ့ ဇာတ်မင်းသားတွေလည်း အများကြီးရှိပါတယ်။ သို့ပေမယ့် ရန်ကုန်ပရိသတ်တွေအနေနဲ့ တခြားပြည်နယ်နဲ့တိုင်းများမှာ အောင် မြင်ကျော်ကြားနေကြတဲ့ သဘင်မင်းသားများကိုတော့ အသိနည်းကြ ပါတယ်။ ဒီအပေါ်မှာ လှိုင်ဘွားအောင်က သူ့ရဲ့အမြင်ကိုအခုလို ပြောပြလာတာက..

” ရန်ကုန်ကျတော့ ဇာတ်ပွဲလည်းရှားတယ်လေ။ ရှားတော့မီဒီယာမှာ ပါရှိတဲ့မင်းသားလောက်ကိုပဲသိတော့တာ။ ကျွန်တော့်ကိုလူကြီး တစ်ယောက်က မေးပါတယ်။ မင်းသားတွေ ရှိသေးလားပေါ့။ မျက် နှာသစ်လေးတွေ တင်ချင်တယ်ပေါ့။ အဲဒီ့မှာ တချို့က မင်းသားတွေ မရှိတော့ဘူးလို့ပြောတယ်။ အရည်အသွေးရှိတဲ့မင်းသားတွေ အများကြီးရှိပါတယ်။ အနုပညာလောကမှာ ဇာတ်မင်းသားတွေ အများကြီးရှိတယ်ဆိုတာ ရန်ကုန်က ပရိသတ်တွေကို သိစေချင် ပါတယ်။ သိအောင်လည်း ကျွန်တော်တို့က ချပြနိုင်ရမယ်လေ။ ချပြတဲ့အခါမှာလည်း ရုံပွဲကြီးတွေ သွင်းပြီး ချပြတာထက်စာရင် င်္မနန့ျသတ(ဗလာဇာတ်)လို ပွဲမျိုးတွေများများဖြစ်လာရင် အားလုံးကသိလာကြမှာပါ။ ကျွန်တော်တို့လည်း အ ကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပေါ့ လေ။ ကျွန်တော်လည်း မင်းသားပါလို့ ပါးစပ်ကြေ<ွကးကြော်နေလို့ မရဘူးလေ။ ကိုယ့်ရဲ့အနု ပညာနဲ့ ကိုယ့်ရဲ့ပုံစံလေး တစ်ခုတော့ရှိအောင် ကြိုးစားရ မှာပေါ့လေ” လို့ ပြောပါတယ်။ လှိုင်ဘွားအောင်တို့ဇာတ် အဖွဲ့က မန္တလေးဇာတ်ဖြစ်ပေ မယ့်လည်း နောက်ပိုင်းမှာ တော့ ရန်ကုန်ပရိသတ်တွေနဲ့ ထိတွေ့ဖို့အတွက် ကြိုးစား သွားမယ်လို့ပြောပါတယ်။ လတ်တလောမှာလည်း ရန်ကုန်၊ ဒဂုံမြို့ သစ်အရှေ့ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အလှူပွဲတစ်ပွဲမှာ လာရောက် ကပြဖြစ်ခဲ့ပါတယ်။ ဒါဟာ သူတို့ဇာတ်အဖွဲ့အနေနဲ့ ရန် ကုန်ပရိသတ်တွေနဲ့ စတင်ထိတွေ့ ခြင်းလည်း ဖြစ်ပါတယ်။

” ရန်ကုန်မှာတစ်နှစ်ကို (၂)ပွဲ လောက်အနည်းဆုံး ကပြနိုင်အောင် ကြိုးစားမယ်။ ကျွန်တော်ကတော့ Free Show (ဗလာဇာတ်)မျိုးကိုစီစဉ်ချင်တယ်။ပြီး တော့ ကျွန်တော့်အနေနဲ့ပဏာ မအော်ပရာ၊ နောက်ပိုင်း ဇာတ်တော်တွေ၊ ပြဇာတ်တွေကို အဓိကထားကပြမယ်။ ဇာတ်သဘင်ရဲ့အနှစ်သာရကို အဓိကထားပြီး တင်ဆက်မယ်” လို့ ရန်ကုန် ပရိသတ်တွေကို တင်ဆက်ချင်တဲ့ ပုံစံကို လှိုင်ဘွားအောင်က ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071