ဖြတ်သန်းသွားလာသည့် ရထားပေါ်မှကြဲချသည့် ပိုက်ဆံကိုလိုက်ကောက်ရင်း ရထားအရှိန်ကြောင့် လေဟပ်ကာ ချော်လဲမှုကြောင့် ကလေးငယ်တစ်ဦး အသ-က်ဆုံးမှု (အောက်တိုဘာ ၁၃) ကဖြစ်ပွားခဲ့သည်။
အုတ်ဖိုကျုံးရိုး(ခေါ်)မီးရထားကျူးများနေထိုင်သည့် ရထားလမ်းနံဘေးတွင် ကလေးများသည် အစုန်အဆန် သွားလာနေသည့် ရထားများဖြတ်သန်းသွားပါက မုန့်ဖိုးနှင့် မုန့်များပစ်ချပေးရန် တောင်းလေ့ရှိတတ်ကြကြောင်းလည်း သိရသည်။
ထိုသို့တောင်းလေ့ရှိသောကြောင့် ရထားပေါ်မှလည်း မုန့်များ၊ ပိုက်ဆံများ ပစ်ချပေးတတ်ပြီး ကလေးများက လိုက်လံကောက်ကြခြင်း ဖြစ်သည်။
အောက်တိုဘာ ၁၂ တွင်မူ ထိုသို့လိုက်လံကောက်ရင်း အသက် ၆ နှစ်အရွယ် ကလေးငယ်သည် ရထားလေဟပ်ကာ နောက်ပြန်ကျပြီး ဦးခေါင်းပြင်းထန်ဒ-ဏ်ရာရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေစဉ် (အောက်တိုဘာ ၁၃ ရက်)နေ့ နံနက်ပိုင်းက အသ-က်ဆုံးရှုံးသွားခဲ့ရခြင်းလည်း ဖြစ်သည်။
