Friday, June 12, 2026

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN...

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား...

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင်...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း...

သီပေါမြိုနယ်အတွင်း ၂၄ နာရီ ဖုန်းလိုင်းများ...

ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း...
HomeNewsLocal Newsရထားလက်မှတ်များကို Social Media...

ရထားလက်မှတ်များကို Social Media မှတစ်ဆင့် အပိုဝန်ဆောင်ခယူ၍ ရောင်းချနေမှုများအား တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု မြန်မာ့မီးရထား သတိပေး

မြန်မာ့မီးရထား၏ အွန်လိုင်းရထားလက်မှတ်ဝယ်ယူမှုစနစ် (Online Railway Ticket Prospect – ORTP) ကို အသုံးပြု၍ TikTok၊ Facebook၊ Telegram နှင့် Viber စသည့် Social Media များမှတစ်ဆင့် အပိုဝန်ဆောင်ခကောက်ခံကာ လက်မှတ်ဝယ်ယူပေးနေမှုများကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်သူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတိပေးထုတ်ပြန်လိုက်သည်။

မြန်မာ့မီးရထားသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ အမြန်ရထားများအတွက် ORTP စနစ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး၊ လက်မှတ်တစ်စောင်လျှင် တင်ဒါအောင်ကုမ္ပဏီမှ သတ်မှတ်ထားသည့် ဝန်ဆောင်ခ ကျပ် ၂၀၀ နှင့် ဘဏ်ငွေလွှဲခများကိုသာ ကောက်ခံခွင့်ပြုထားခြင်းဖြစ်သည်။

လက်ရှိတွင် Social Media များပေါ်၌ မြန်မာ့မီးရထား၏ ခွင့်ပြုချက်မရှိဘဲ အပိုဝန်ဆောင်ခများဖြင့် လက်မှတ်ဝယ်ယူပေးနေသည့် လုပ်ဆောင်ချက်များကို တွေ့ရှိနေရသဖြင့် အောက်ပါအတိုင်း အသိပေးထားပါသည် –

တရားဝင်ခွင့်ပြုချက်မရှိခြင်း

မြန်မာ့မီးရထားသည် မည်သည့်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်ကိုမျှ အပိုဝန်ဆောင်ခကောက်ခံရန် တာဝန်ပေးအပ်ထားခြင်းမရှိပါ။

ဥပဒေအရအရေးယူမည်

Social Media မှတစ်ဆင့် ဝန်ဆောင်ခယူကာ လက်မှတ်ဝယ်ယူပေးနေသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ခရီးသည်များအတွက် အကူအညီ

အွန်လိုင်းမှ ဝယ်ယူရန် အခက်အခဲရှိသော ခရီးသည်များအတွက် ဘူတာရုံများတွင် အထောက်အကူပြုကောင်တာများ ဖွင့်လှစ်ပေးထားပြီး ဘူတာဝန်ထမ်းများမှ ORTP စနစ်ဖြင့် ဝယ်ယူပေးရန် စီစဉ်ထားရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးထားသည်။ အဆိုပါပွဲစဉ်တွင် အားကောင်းသည့် လက်သီးချက်များ ပိုင်ဆိုင်ထားသည့် ကျော်စွာဝင်း၏အောက်၌ ထိုင်းဖိုက်တာ SLATAN အလဲထိုးခံရမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ ONE Championship ပြိုင်ပွဲ၏ ရလဒ်မှတ်တမ်း (Record) များအရ ကျော်စွာဝင်းသည် (၂) ပွဲထိုး၊ (၁) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး၊...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်မှ ဇွန် ၃၀ ရက်အထိ ရောင်းချရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် DI Ammonium Phosphate (DAP)...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) ကို အထူးပြခန်းတစ်ခုအဖြစ် ထည့်သွင်းပြသထားပြီး မြန်မာ့ကျောက်စိမ်း လေလံပွဲကို နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။ Hall-7 ၌ ဖွင့်လှစ်ထားသည့် Myanmar Jade Auction Pavilion တွင် လုပ်ငန်း ၁၈ ခုမှ တင်ပြထားသည့် ကျောက်စိမ်းအကြမ်းထည်နှင့် အချောထည် လက်ဝတ်ရတနာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071