ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်သည်။
ထိုသို့ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့က ဧပြီလ (၂၇)ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရတနာပုံအသင်းသည် ယခင်က မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၊ ဗထူးအားကစားကွင်းတို့တွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ဖူးသည့် ကလပ်အသင်း တစ်သင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီသစ်တွင် အိမ်ကွင်းပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ် သည်။
