Home Celebrities' News ရည်ရွယ်ချက်ကြီးမားလို့သားသမီးကိုချစ်တဲ့ အမေဆိုရင် ‘ထာဝရအမေ’ ဇာတ်ကားကြည့်ပြီး ခံစားရမှာပါ အကယ်ဒမီ မေသန်းနု

ရည်ရွယ်ချက်ကြီးမားလို့သားသမီးကိုချစ်တဲ့ အမေဆိုရင် ‘ထာဝရအမေ’ ဇာတ်ကားကြည့်ပြီး ခံစားရမှာပါ အကယ်ဒမီ မေသန်းနု

0
851

ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတဲ့ ‘ထာဝရအမေ’ ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင် မေသန်းနု လည်း ပါဝင်သရုပ်ဆောင်ထားတာ ကို တွေ့ရမှာပါ။ မေသန်းနု ကိုယ်တိုင် ကလည်း ဒီဇာတ်ကားကြီး ရိုက်ကူးပြီး နောက် ဇာတ်ကားထဲက မိသားစုဘဝ ကို လိုချင်မိကြောင်းကိုတော့…

” ဒီဇာတ်ကားမှာ အကုန်လုံး ကောင်းတယ်။ ရိုက်ချက်တွေလည်း ကောင်းတယ်။ ဒီဇာတ်ကား ရိုက်ကူး ရာမှာလည်း သားသားကလည်း သူ့ အဖေနဲ့အတူ ပါဝင်ခဲ့တယ်။ ဒီဇာတ် ကားထဲမှာ အရွယ်သုံးပါးပုံစံမျိုး သရုပ်ဆောင်ထားတယ်။ အခန်းစဉ် လိုက် အသေအချာလုပ်ထားတယ်။ ဒီ ဇာတ်ကားမှာ ဆရာတို့ မိသားစုလေး က မိဘမျှော်လင့်တဲ့အတိုင်း လိုက် လုပ်ရတယ်။ အခုခေတ်မှာ သားသမီး တွေက သူတို့လုပ်ချင်တာကိုလုပ် တယ်။ မိဘတွေက ဘေးကနေ ပံ့ပိုး ပေးရတယ်။ မဆင့်ကတော့ ဆရာတို့ မိသားစုလိုဖြစ်ရင် အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။ ‘ထာဝရအမေ ‘ ဇာတ်ကားက ရည်ရွယ်ချက် ကြီးမားတဲ့ မိဘမေတ္တာ ပေါ်လွင်စေတဲ့ ဇာတ်ကားကောင်း ဖြစ်ကြောင်းကိုတော့…..

‘ထာဝရ အမေ’ကိုကြည့်ပြီး တစ်ခုမဟုတ်တစ်ခုတော့ ရမှာပါ။ မိဘတွေရဲ့ မေတ္တာကိုလည်း ပေါ် လွင်အောင် သိမြင်ရမယ်။ မိဘတွေ ကလည်း သားသမီးကို ဘယ်လို ထိန်း ချုပ်တယ်ဆိုတာကို တွေ့ရမှာပါ။  ရည်ရွယ်ချက်ကြီးမားလို့ သားသမီး ကိုချစ်တဲ့ အမေဆိုရင် ဒီဇာတ်ကားကို ကြည့်ပြီး ခံစားရမှာပါ” လို့ မေသန်းနု က ဆိုပါတယ်။

ချယ်ရီ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here