ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် China Harbour Engineering Company Ltd. နှင့် Yunnan Baos han Hengyi Industrial Group Co.,Ltd တို့မှ တာဝန်ရှိသူများအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးဆုံးရှုံးသွားသည့် အခြေခံအဆောက်အအုံများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအစိုးရနှင့်အတူ China Harb our Engineering Company Ltd. မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဤကုမ္မဏီသည် အင်ဂျင်နီယာကန်ထရိုက်တာလုပ်သည့် China Communications Construction Company ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး အဏ္ဏဝါအင်ဂျင်နီယာ၊ သောင်တူးခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း၊ လမ်းတံတား၊ ရထားလမ်း၊ လေဆိပ်နှင့် စက်ရုံတည်ဆောက်ခြင်းစသည့် အခြေခံအဆောက်အဦးများ ဆောက်လုပ်ပေးသည့်ကုမ္မဏီဖြစ်သည်။
ထို့ပြင် Yunnan Baoshan Hengyi Industrial Group Co., Ltd နှင့် တွေ့ဆုံရာတွင်လည်း မြန်မာနိုင်ငံတွင် စွမ်းအင်လုပ်ငန်း၊ နိုင်ငံတကာကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့်ရေလုပ်ငန်း၊ ထောက်ပံ့ရေးကွင်းဆင်းခြင်း၊ e – commerce လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီးဆွေးနွေးခဲ့ကြောင်း သိရသည်။
