ဇာတ်လမ်းတွဲ သရုပ်ဆောင်နက္ခတ်ဟာ သူ့ရဲ့ချစ်သက်တမ်းလေးနှစ်အကြာမှာပဲ အိမ်ထောင်ပြုလိုက်တဲ့အကြောင်းကို သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာအခုလိုပဲရေးသားဖော်ပြထားပါတယ်။
“ ကျနော်နဲ့ ကျနော့ ဇနီး လေး ရဲ့ချစ် သက်တမ်းလေး နှစ် ေ ကျာ်လက်တွဲခဲ့ပီး အကြာမှာပရိတ်သတ်ကိုအခုလို အသိပေးတာ ပါဗျာ။ ဒီလို အချိန် ကာလ မှာ ပုံ ေ တွ တင်ရတဲ့ အတွက်လဲ အားလုံးကို အားနာ ပါ တယ်။ မကြာခင် မှာမွေးဖွားလာတော့မည့်ကျွန်တော့်တို့ နှစ်ယောက်ရဲ့ရင်သွေးလေး အတွက်ဒီပုံလေး တွေကိုတင်ရခြင်းဖြစ်ပါတယ် ခင်ဗျာ။ ကျနော်တို့နှစ်ယောက်ရဲ့အကြောင်းလေးကိုနည်းနည်းပြေ ာပြမယ်ေ နာ်။ လွန်ခဲ့တဲ့ လေးနှစ် က ကျနော် နဲ့ကျနော့ချစ်သူ လေးအကြောင်းပေါ့ကျနော် သူမ နဲ့ ချစ်သူဖြစ်ပီး သိပ်မကြာခင်မှာသူမ ကို စက္ကန့် ပိုင်းလေး တောင် မခွဲနိုင်ဘူးဆိုတဲ့ အချစ် တစ်ခု နဲ့သူမရဲ့ မိဘ တွေဆီမှာ လူကြီးစုံရာနဲ့ စေ့စပ်ကြောင်းလမ်းပြီး မင်္ဂလာ ဆွမ်းကျွေးလက်မှတ် ရေးထိုးခဲ့ပါတယ်။
ကျနော့ ရဲ့ဇနီးလေး နဲ့သူမရဲ့ မိဘတွေဟာ ကျနော့်ရဲ့ အနုပညာ အလုပ်ကိုနားလည် ပေးပြီး ကျနော် အနုပညာ လောကမှာ နေရာလေး တစ်နေရာ ရပီး ကိုယ်ဖြစ်ချင်တဲ့ အနေအထား ရောက်မှ မင်္ဂလာ ဧည့်ခံပွဲ လုပ်ဖို့သဘောတူပေးခဲ့ကြပါတယ်။ သူမ နဲ့ ကျနော် တစ်ယောက်နဲ့ တစ်ယောက် နားလည် ပီး သစ္စာ ရှိရှိနဲ့ နေဖို့ က အဓိက ပဲဆိုပီး ကျနော့ အလုပ်တွေ ကို ပိုကြိုးစား ဖြစ်ခဲ့ပါတယ်။သူမ ကျနော့ အပေါ် မှာ နားလည်ပေးမှု အနစ်နာခံ ပေးမှုတွေ ကတော့ပြောပြလို့တောင် ကုန်မှာ မဟုတ်ပါဘူး။
သူမ ကြောင့် ကျနော့ အလုပ် ထိခိုက်မှာ စိုးလို့သူများတွေကို ဇနီးလို့ မပြောခိုင်းဘဲချစ်သူ လို့ပဲသူမ က ပြောခိုင်းခဲ့တယ်။ ကျနော်တို့ နှစ်ယောက်ရဲ့မင်္ဂလာ ပွဲလုပ်ဖို့ထက်ကျနော့ ရဲ့ အနုပညာ အလုပ်တွေ အောင်မြင် ဖို့အတွက်ဘဲ အမြဲ တွေးပေးနေတဲ့ သူမကျနော် ဇာတ်လမ်းတွဲ လေးတွေခပ်စိပ်စိပ်ရိုက်လာရပီး ပရိသတ် ရဲ့ အသိအမှတ်ပြု လေး ရလာတဲ့ အပေါ်မှာသူမ က အမြဲ ပြုံးပျော်နေတတ်တယ်။
သူမ က ကျနော့ ကို အမြဲပြောတယ်”ကျနော့ ကို ဒီ့ထက် ပိုပြီး ကောင်းမွန်တဲ့ အနုပညာဖန်တီးမှု တွေ ထပ်လုပ်ပီး မှမင်္ဂလာ ပွဲစီစဉ်ကြမယ်တဲ့အခုမှ နာမည်လေး နည်းနည်း ရကာစမိန်းမ ယူလိုက်ရင် အလုပ်အတွက် အနှောင့်အယှက် ဖြစ်မှာ စိုးတယ် ဆိုပီး ပြောလာတော့”
ကျနော်လဲ လက်ခံလိုက်ပီး ဆက်ပီးကြိုးစားတာပေါ့။ အိမ်မက်နဲ့ လက်တွေ့ ဆိုတာ တစ်ခါတစ်လေ ထပ်တူ ကျချင် မှ ကျတက်တာမျိုးဗျ
ဒီလိုနဲ့ 2019 မှာ ” ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေး ရိုက်ခွင့်ရတော့ ဒီဇာတ်လမ်းတွဲ လေး ရိုက်ပီးရင် မင်္ဂလာ ပွဲ ကျင်းပမယ်ဆိုပီး သဘောတူခဲ့ကြတယ်
2020 ဖေဖော်ဝါရီ လမှာ”ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေး တီဗီက ပြပြီးတော့၅ လပိုင်းမှာ မင်္ဂလာ ပွဲ လုပ်ဖို့စီစဉ်ခဲ့ကြပေမယ့် ကိုဗစ် ပထမလှိုင်းကြောင့် ဘာပွဲမှ လုပ်ခွင့်မရှိသလိုအနုပညာ အလုပ်တွေလဲ လုံးဝရပ်သွားတယ်။
ကိုဗစ်တွေ ဖြစ်တော့ Social media ကအလုပ်ပိုဖြစ်လာခဲ့တယ်။ ကျနော် က TitTok ကတာတွေ Videoဖန်တီးတာတွေ မကျွမ်းကျင်တော့ လပေါင်းများစွာ အလုပ် မရှိဘဲ နားနေ ခဲ့ရတယ်။
တစ်ရက်မှာတော့ Online live sale တွေကလဲ ခေတ်စားလာပြန်တော့ ငါ ဒီ လောက်တော့ မလုပ်တက် လဲ ကြိုးစားကြည့်မယ်ဆိုပီး Live sale လေး ၂ခု လုပ်ကြည့်တာ အောင်မလေး ဇာတ်လမ်းတွဲ က ဇာတ်ကောင် တွေ ကိုပုံဖော် ရိုက်ကူးရတာတွေထက် Live sale က ကျနော့
အတွက်ပိုခက်ခဲပီး ချွေးတွေတောင်ပြန်ပါတယ်။
ကျနော်သေချာသိလိုက်ရတာ တစ်ခုက ကျနော် ဟာသရုပ်ဆောင် အလုပ်ကလွဲ ပီး ကျန်တာတွေနဲ့ မလိုက်ဖက်ဘူးဆိုတာဘဲဒီလိုနဲ့ဘဲ ကိုဗစ် တွေကြောင့် လူ ၃၀ လောက်နဲ့မင်္ဂလာ ပွဲ ကျင်းပလို့ရတယ်ဆိုတော့2021 ဖေဖော်ဝါရီ လထဲမှာ သူမ မွေးနေ့ ရှိတော့ အဲ့လထဲက တစ်ရက်ရက်မှာ ပွဲစီစဉ်ကြမယ်ဆိုပီးစိတ်ကူးခဲ့တဲ့ စိတ်ကူးကလဲ အကြောင်း ကြောင့်ဖြစ်မလာခဲ့ရပြန်ပါဘူး။
2021 မှာ ကျနော့ ဘဝ အတွက် အဆိုးဆုံး အရာကတော့မတ် လ လောက်မှာ ကျနော့ အဖေ ဆေးရုံ တင်ရပီးရက်အနည်းငယ်အကြာမှာ ကင်ဆာ နောက်ဆုံး အဆင့်နဲ့ကျနော်တို့ကို ဘယ်နေ့ ခွဲသွားတော့ မလဲဆိုတဲ့အဖြစ်ဆိုးကြီး တစ်ခုပါဘဲ။
ကျနော် က အဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့နယ်ဘက်ကို ရောက်နေတော့၄ လပိုင်း ကုန်ခါနီး လောက်မှ အဖေ့ ကို ဆေးရုံမှာ သေချာ ပြုစုစောင့်ရှောက်ခွင့်ရခဲ့တယ်။၅ လပိုင်း ၁၃ ရက်နေ့မှာတော့ ကျနော့ ရဲ့ အဖေ ကိုဆုံးရှုံးခဲ့ရတယ်။
အဓိ ကပြောချင်တာကတော့ကျနော့ မှာအများ မျက်စိဆံပင်မွှေး စူး လောက်တဲ့အထိ ကြီးကျယ် မြင့်မြတ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ချမ်းသာမှုှုတွေ လဲ မရှိပါဘူး။ကြိုးစားနေ တဲ့လူ တွေ ထဲ က လူ တစ်ယောက်ပါဘဲ။ ကျနော့ပုံတွေအောက်မှ ဆဲဆိုနေတဲ့ သူတွေကိုလဲ အမြဲမေတ္တာပို့ပေးပါတယ်ခင်ဗျာ။
ဒီအချိန်မှာ အားလုံးအတွက် သူရဲကောင်း မဖြစ်ချင်နေပါ။ကျနော့ရဲ့ ကိုယ် ပိုင် ဘဝလေးမှာ ကျန်နေသေးတဲ့အမေရယ် ကျနော့ ဇနီး နဲ့ ကျနော အမနဲ့ ညီမအတွက် မားမားမတ်မတ် ရပ်တည်နိုင်တဲ့သူ ဖြစ်ဖို့အတွက် ကျနော် ကြိုးစားနေ ဆဲ ပါ။
အခု ဒီ ပုံ လေးတွေဟာသူမ ဟာ ကျနော့ရဲ့ ချစ်သူ မဟုတ်ဘဲ သူ မ ဟာ ကျနော့ ရဲ့ဇနီး ဖြစ် ကြောင်းအသိပေးတဲ့ ပုံလေး တွေ ပါ ခင်ဗျာ။ မင်္ဂလာ ဧည့်ခံပွဲကျင်းပမည့်အချိန်ကျရင် လဲ အားလုံးကို ထပ်မံအသိေ ပး ပါ မ ယ် ခင် ဗျာ။
နက္ခတ်+ ကလျာမိုး “ လို့ရေးသားထားပါတယ်။