Wednesday, May 27, 2026

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊...

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား...

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ...

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable...

ရန်ကုန်ဆေးရုံကြီး၏ (၄)ခုမြောက် လူနာစောင့်နားနေဆောင်သစ် ယနေ့...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသသည့် လူ နာများနှင့်အတူလိုက်ပါလာသော လူနာစောင့်များစိတ်ချမ်းသာစွာညအိပ်နားနေနိုင်ရန်အတွက် လူနာစောင့်နားနေဆောင်(၃)ဆောင်ကို ဆောက်လုပ်ပေးထားသည်။ ထို့ပြင် ယနေ့ မေ ၂၇ ရက်မှစတင်ကာအသုံးပြုနိုင်မည့် (၄)ခုမြောက်ဖြစ်သော လူနာစောင့်များညအိပ်နားနေနိုင်ရန်အတွက်...
HomeArticlesရခိုင်ရိုးရာ သားမက်တက်ပွဲအတွက် ​ရှေးထုံးဓ​လေ့များ...

ရခိုင်ရိုးရာ သားမက်တက်ပွဲအတွက် ​ရှေးထုံးဓ​လေ့များ ထုတ်ပြန်

ရခိုင်ရိုးရာ သားမက်တက်ပွဲအတွက် ​ရှေးထုံးဓ​လေ့များ ထုတ်ပြန်

ရခိုင်ရိုးရာ သားမက်တက်ပွဲနှင့် ပတ်သက်၍အစဥ်အလာက​နေ လွဲ​ချော်​နေမူများကို ​ထောက်ပြပြီး ​ရှေးအစဥ်လာ ဓ​လေ့ သတ်မှတ်ချက်များကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ကဇွန်လ ၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ အချက်များတွင် သမက်ရှင်၊ သမီးရှင်နှင့် အရံများသည် ဖုံကတ္တီပါ ပေါ်တွင်သာ ထိုင်ကြရန် ၊ထိုင်ခုံများဖြင့်ထိုင်ခြင်း လုံးဝ မပြုရန် ဟုပါရှိသည်။

ထိုင်ခုံများဖြင့် ထိုင်မည်ဆိုပါက မင်္ဂလာအစီအစဉ်အရ သမက်ရှင်၊ သမီးရှင်တို့ထံ တက်ရောက် ချီးမြှင့်ကြမည့် လူကြီးသူမများ၊ ဧည့်သည်တော်များအား အဂါရဝ ပြုရာရောက်သည့်အတွက်ဟု ဖော်ပြထားသည်။

ထို့အပြင် ရခိုင်ရိုးရာ ဝတ်စားဆင်ယင်မှုနှင့်အညီ သားမက်ရှင်၏ ခေါင်းပေါင်း သို့မဟုတ် အုပ်ပေါင်း၏ အစွန်ကို ဘယ်ဘက်သို့ ချပြီး ပြင်ခံတိုက်ပုံသည် ဘယ်ဖုံးဖြစ်ရမည်ဟုလည်း ပါရှိသည်။

သမီးရှင်ဝတ်စုံဒီဇိုင်းကို ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုနှင့်မညီညွတ်သော အလွန်အကျွံ ဆန်းသစ် တီထွင်မှုမျိုးကို မပြုကြစေရန်၊ မင်္ဂလာလောင်ပွန်း(ပန်းကန်ပြား)အောက်တွင် စပါးစေ့များခင်းထားကာ ငွေဒင်္ဂါးတစ်စုံကိုလည်း ထည့်ရန် စသဖြင့် ညွှန်ကြားထားသည်။

မင်္ဂလာထမင်းနှင့် ဟင်းပွဲများရွေးချယ်ခြင်း၊ ချက်ပြုတ်မှုထုံးစံများကို ရခိုင်စာယဉ်(ရန်ကုန်)မှ သိရှိနားလည်သူ များက လမ်းညွှန်သည့်အတိုင်း ရခိုင်ဓလေ့ထုံးတမ်းစဉ် လာ အယူအဆအရ သတ်မှတ်ချက်များနှင့်အညီ ဆောင် ရွက်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြေခံအားဖြင့် မင်္ဂလာလောင်ပွန်းတွင် ထမင်းဖြည့်ပြီး အူစုံသည်းစုံကြက်သား သုံးခွက်၊ ရွှေဖရုံသီး နှစ်ခွက်၊ ပေါင်းမင်္ဂလာဟင်းပွဲ ၅ မျိုး ဖြစ်ရပါမည်။ ကျန်အသေး စိတ်လိုအပ်ချက်များအတွက် ရခိုင်စာ ပေနှင့်ယဉ်‌ကျေးမှုအဖွဲ့(ရန်ကုန် )က အခြေအနေနှင့် လိုက်လျောညီထွေမည့်အကြံပြုချက်များပေးသွားမည်ဟုလည်း ဆိုသည်။

ထို့အပြင်သားမက်ရှင်၊ သမီးရှင်တို့၏ နေ့နံနှင့်ကိုက်ညီသောပန်းအညွန့်အခက်များထိုးထားသည့် ရေစင်အိုး နှစ်အိုး ပါရှိ ရပါမည်။ ယင်းရေစင်အိုးများကို မင်္ဂလာမြှောက်ထားသော ပရိတ်ကြိုးဖြင့် ရစ်ပတ်ထားရန်၊
သားမက်ရှင်သည် ထိမ်းမြားသည့်အချိန်တွင် ကိုယ်တင်အဖြူကို မဖြစ်မနေ ဝတ်ဆင်ထားရန်၊

သမီးရှင်ပန်ဆင်ရန် နေ့နံအရ သတ်မှတ်ထားသော ပန်း ၃ စုံ ပါရှိရန်၊
သမက်ရှင်အတွက် သမက်ရှင်၏ နေ့နံသင့်အညွန့်များထည့်ထားသော ရေစင်အိုးတစ်စုံ၊ မင်္ဂလာဝင်ပစ္စည်းများ ဖြစ်သော အိပ်ရာလိပ်(သို့မဟုတ်) အဝတ်သေတ္တာ၊ ဓါးရှည်၊ ယပ်စသည်တို့ကို နေ့သင့်နံသင့်သူများက ကိုင်ဆောင်နိုင်ရန် စီစဉ်ပေးရန်၊

သားမက်ရှင်၊ သမီးရှင်တို့သည် လူပျို အပျို မဟုတ်ပါက ရခိုင်ရိုးရာထုံးတမ်းစဉ်လာအရ သျှောင်ဆောင်းခွင့် မရှိကြောင်းနှင့် သျှောင်များကို သားမက်တက်အခမ်းအနားအစီအစဉ်အတွက်မဟုတ်ဘဲ အလှသက်သက်ရိုက်ကူးခြင်း၊ သားမက်ရှင်၊ သမီးရှင် မဟုတ်သော မသက်ဆိုင်သူများက ဝတ်ဆင်ခြင်း၊ သုံးစွဲခြင်း လုံးဝမပြု လုပ်ရန်၊

မြားပေးမည့် လူကြီးသူမများသည် ရခိုင်ရိုးရာဓလေ့ထုံးစံကိုလည်း နားလည် တတ်ကျွမ်းသူများဖြစ်ရန်၊
သားမက်ရှင်၊ သမီးရှင်၊ နှစ်ဘက်မိဘများနှင့် အခမ်းအ နားတွင်ပါဝင်ကြမည့်သူများအားလုံး၏ အဝင်အထွက်၊ လူအခင်းအကျင်းနှင့် တန်းစီမှု၊ ပန်းကျင်း စည်တော်၊ ခရု သင်း၊ အတီးအမှုတ်စသည့် အစီအစဉ်အသေးစိတ်ကို ရခိုင်စာယဉ်အဖွဲ့(ရန်ကုန်)က အသိအမှတ်ပြုထားသော ရခိုင်ရိုးရာကျွမ်းကျင်သည့် အစီအစဉ်မှူး(ဘိသိက်ဆရာ )၏ စီစဉ်မှုအတိုင်း သမက်တက်ပွဲရှင်များက တသွေမတိမ်း လိုက်နာဆောင်ရွက်ကြရန်၊

ပြင်ပတီးဝိုင်း အဆိုအကများ၊ အခြားကြားဖြတ်အစီအ စဉ်များကို ထည့်သွင်းလိုပါက ရခိုင်ရိုးရာ သားမက်တက် အခမ်းအနား အစီအစဉ်အစအဆုံးကို မထိခိုက်စေအောင်သာ စီစဉ်ဆောင်ရွက်ရန် စသဖြင့် ဖော်ပြပါရှိသည်။

ရခိုင်စာပေနှင့် ယဉ်‌ကျေးမှုအဖွဲ့(ရန်ကုန်) သည် အဆိုပါအခြေခံစည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲလာသော အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေအောင် လိုအပ်သော ဖြည့်စွက်ချက်ပြင်ဆင်ချက်များကို အခါအားလျော်စွာ ပြုလုပ်ပေးသွားပါမည် ဖြစ်ကြောင်း သိရသည်။

ယခု ထုတ်ပြန်ချက်ကို ရေးသားထုတ်ပြန်ရန်အတွက် ရခိုင်စာပေနှင့်ယဉ်ကျေးမှု(ရန်ကုန်)အဖွဲ့မှ နယကကြီး ဒေါ်စောခင်တင့်၊ ဒုဥက္ကဋ္ဌ ဒေါ်စောခင်နု၊ အတွင်းရေးမှူး ဒေါ်ဦးသိန်းညွန့်၊ ရခိုင်မင်္ဂလာဆောင်ပွဲများတွင် ကူညီလုပ်ဆောင်ပေးနေသည့် ဦးထွန်းဝင်းတို့က အကြိမ်ကြိမ် အစည်းအဝေးများပြုလုပ်ကာထုတ်ပြန်ခြင်းဖြစ်သည်။

Photo Myanmar Digital News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊ မျိုးစေ့တိုက်ရိုက်ချစနစ်တို့ဖြင့် ဒေသရာသီဥတုနှင့် ကိုက်ညီသော ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ၊ အောင်နိုင်တိုးစပါးမျိုးများစိုက်ပျိုးကြောင်း သိရသည်။ မိုးစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ မျိုးကောင်းမျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးနည်းများကို အသိပညာပေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား ဇွန် ၁ မှ ထပ်မံပြေးဆွဲမည်

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ကြေညာထားသည်။ ထပ်မံပြေးဆွဲမည့် ရထားများမှာ အမှတ်(၉) အဆန်နှင့် အမှတ်(၁၀) အစုန် DEMU Spain လူစီးအမြန်ရထားများဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးအကြား ခရီးသွားလာမှု ပိုမိုမြန်ဆန်အဆင်ပြေစေရန် ရည်ရွယ်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ အမှတ်(၉) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးဘူတာသို့ ညနေ ၆...

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable Mr. Balendra Shah အား နီပေါနိုင်ငံဝန်ကြီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများအပေါ် အခြေခံသည့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား Right Honourable...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071