Saturday, February 15, 2025

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့်...

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို...

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု...

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...
HomeNewsLocal Newsရခိုင်တွင် AA ကျူးလွန်ခဲ့သည့်...

ရခိုင်တွင် AA ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ICC အနေဖြင့် စစ်ဆေးသင့်ကြောင်း Fortify Rights ထုတ်ပြန်

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အနေဖြင့် ရခိုင်ပြည်နယ်
အတွင်း၌ AA ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးသင့်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Fortify Rightsက ယနေ့ ဇန်နဝါရီ (၂၃)တွင် ထုတ်ပြန် သည်။

ထုတ်ပြန်ချက်တွင် Fortify Rights သည် ပေါက်ကြားလာသည့် ဗီဒီယိုဖိုင်တစ်ခု၌ ရက္ခိုင့်တပ်တော် (AA) မှ စစ်သားများနှင့် အရပ်ဝတ်များသည် ဖမ်းဆီးခံထားရသူနှစ်ဦး၏ လည်ချောင်းကို မြေကျင်းတခုရှေ့တွင် လှီးဖြ-တ်ခြင်း၊ ခု -တ်ထ-စ်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

Fortify Rights သည် ကွပ်မျက်ခြင်း ဖြစ်ပွားခဲ့နိုင်ခြေရှိနေသည့် ပေါက်ကြားထားသော ဗီဒီယို မှတ်တမ်းနှစ်ခုကို စိစစ်လေ့လာရာမှာ ၎င်းတို့သည် စစ်မှန်မှုရှိနေကြောင်း ယုံကြည်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောသည်။

နှိပ်စက်ခံရသူနှစ်ဦးသည် ဗီဒီယိုအဆုံးတွင် ‌ေ-သဆုံးပုံမပေါ်သော်လည်း အခြေအနေအရ သို့မဟုတ် ၎င်းတို့၏ ဒဏ် ရာများအရ အသ-က်ရှင်နိုင်ဖွယ်မရှိကြောင်း Fortify Righ ts က ဆိုသည်။

ယင်းမှတ်တမ်းနှင့် ပက်သက်၍ “အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရားလက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” ဟု Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant (ဧဂျက်ဇ်မင်းခန့်) ကလည်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့ပြင် ဖမ်းဆီးရမိသည့် ရန်သူ့တပ်သားများကိုလည်း စစ် သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့် ပြီး ဂျီနီဗာကွန်ဗင်းရှင်း၏ ကာကွယ်စောင့်ရှောက်မှုများပေးကာ စစ်
ရာဇဝတ်မှုများ ကျူးလွန်ထားသည့် တာဝန် ရှိသူများကိုသာ တရားစွဲဆိုသင့်ကြောင်းလည်း Fortify Rights က ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲ

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို ရတနာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ ရတနာအိမ်ရာ၊ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် (စနေနေ့) မှ ၁၆ ရက် (တနင်္ဂနွေနေ့) အထိ မနက် (၉) နာရီမှ ညနေ (၅)နာရီ အတွင်း အဆိုပါ အရောင်းပြခန်း၌ လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။ " အရစ်ကျစနစ်...

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု ဆို

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား သည်။ လက်ရှိ၌ အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးရန်ပုံငွေ (USAID) က နိုင်ငံတကာထံ အကူအညီများ ရပ်ဆိုင်းထားသောကြောင့် မြန်မာနိုင်ငံ၌ HIV(အိပ်ချ်အိုင်ဗွီ)၊ တီဘီနှင့် ငှ က်ဖျား စသည့် ရောဂါများအတွက် သောက်သုံးနေရသည့် ဆေးဝါးများ ပြတ်လပ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ “ကျွန်တော်တို့ NGO အဖွဲ့ဆီမှာလည်း ဒီဆေးတွေနဲ့ ပတ်သက်ပြီး နောက် (၈)...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံ သားများအပါအဝင် (၂၉)ဦးဖမ်းမိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ ၁၂ ရက်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်သူ ဝယ်ဆန် ငှားရမ်းထားသည့်နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ Online လောင်းကစားတာဝန်ခံ မင်းကျော်နှင့် စကားပြန်၊စာရင်းကိုင် ရီရီဖြိုးတို့အပါ အဝင် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၅)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၁၃ ရက်ည နေပိုင်းတွင် ယင်း ရပ်ကွက်၌နေထိုင်သည့် ထိုင်းနိုင်ငံသားအမျိုးသား(၇)ဦးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071