ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည့် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Natio nalities Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်(၄)ရက်၊ ရက်စွဲဖြင့် အတည်ပြုထုတ်ပြန်ထားသည်။
ကျောက်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်းတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည့် ရခိုင်တိုင်းရင်းသားများပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ(၉) နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာခဲ့ခြင်း
ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်(၁၆)ရက်အထိ နိုင်ငံရေးပါတီ(၂၁)ပါတီကိုတည်ထောင်ခွင့်ပြုထားပြီး(၅)ပါတီကို ငြင်းပယ်ထားကြောင်း သိရသည်။
လာမည်ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ နှင့် ၂၀၂၆ ဇန်နဝါရီလတွင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
