မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် တ ရုတ်နိုင်ငံအစိုးရမှ ယွမ်(၁)ဘီလီယံတန်ဖိုးရှိ အရေးပေါ်လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ် ဆယ်ရေးအကူအညီများထပ်မံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။
အဆိုပါ ထပ်မံပံ့ပိုးပေးမည့် ယွမ်(၁)ဘီလီယံဖြင့် လောင်စာဆီ၊ Plank House၊ ခွဲစိတ်ခန်း၊ ဆေးဝါးနှင့် ကာကွယ်ဆေးများစသည့် အရေးတကြီးလိုအပ်သောပစ္စည်းများဖြင့် ကျန်းမာရေးနှင့်ရောဂါကာ ကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့များကို ကုသရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာ နိုင်ငံသို့စေလွှတ်မည်ဖြစ်ကာ ဘေးအန္တရာယ်အကဲ ဖြတ်ရေးအဖွဲ့စေလွှတ်၍လည်း ငလျင်ဒဏ်ခံစားရဒေသများသို့ ကွင်းဆင်းစစ်ဆေးပြီး ငလျင်ဒဏ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေးလုပ်ငန်းစဉ်များရေးဆွဲရာတွင်ပံ့ပိုးကူညီသွားမည်ဟု တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(CIDCA)၏ ပြော ရေးဆိုခွင့်ရှိသူ Mr. Li Ming ကပြောကြားခဲ့သည်။
ထို့ပြင် လက်ရှိအချိန်၌ မြန်မာနိုင်ငံ၏ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအ ဆင့်သို့ရောက်ရှိနေပြီဖြစ်ကာ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ယဉ်ကျေးမှုအမွေအနှစ်နှင့် အ ဆောက်အဦဆိုင်ရာစစ်ဆေးရေးအဖွဲ့များစေလွှတ်ပြီး ပျက်စီးနေသော ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ပစ္စည်းများ၊ အဆောက်အဦများကို စစ်ဆေးအကဲဖြတ်ခြင်း၊ ခိုင်ခံ့မှုစမ်းသပ်ခြင်းနှင့် ပြုပြင်မွမ်း မံခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ မန္တလေးငလျင်ကြီးဒဏ်ကြုံတွေ့ပြီးချိန်တွင် တရုတ်နိုင်ငံအစိုးရမှ ပထမဆုံးနိုင်ငံအဖြစ် ယွမ်သန်း(၁၀၀)တန်ဖိုးရှိ အရေးပေါ်လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးအ ကူအညီများပေးအပ်ရန်ကြေညာခဲ့ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ကာ ကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အပြည့်အဝပူးပေါင်းကူညီပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် အ သက်ရှင်သူ ၉ ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီး ရုပ်အလောင်း ၅၉ လောင်းအားရှာဖွေတွေ့ရှိခဲ့ကာ အိမ်ခြေနှင့် အရေးပါသောအခြေခံအဆောက် အအုံများ ၂၈၇၀၀၀ စတုရန်းမီတာ ဧရိယာကို စစ်ဆေးခဲ့ပြီး ငလျင်ဒဏ်သင့်သူ ၂၀၀၀ ကျော်အား ကျန်းမာရေးစစ်ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ငလျင်ဒဏ်သင့်သူများ၏ အရေးပေါ်လို အပ်ချက်များကိုဖြည့်ဆည်းရန် ရွက်ဖျင်တဲအလုံး ၄၀၀၀၊ စောင်အထည် ၁၀၀၀၀၊ အရေးပေါ်ဆေး အိတ်များ ၅၅၀၀၀ ကျော်၊ ခြင်ထောင်အလုံး ၄၀၀၀၀၊ တာပေါ်လင်စအချပ် ၁၈၀၀၀၊ အိပ်အိတ် အလုံး ၄၀၀၀၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ် အလုံး ၁၀၀၀၀၊ ချက်ပြုတ်ရေးပစ္စည်းများ ၂၀၀၀ စုံ၊ ကျန်းမာရေးဆေးအိတ်များ ၃၈၈၀၀ ကျော်၊ ခေါက်ဆွဲခြောက်ဖာ ၂၀၀၀ တို့ကိုလည်း အထူးလေယာဉ်ဖြင့်အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
