Thursday, June 18, 2026

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု...

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...
HomeNewsLocal Newsယွန်းပညာကောလိပ်(ပုဂံ)မှ ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း...

ယွန်းပညာကောလိပ်(ပုဂံ)မှ ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာများကို လက်ခံခေါ်ယူ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယွန်းပညာကောလိပ်(ပုဂံ)မှ ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာများကို လက်ခံခေါ်ယူလျက်ရှိကြောင်းယွန်းပညာကောလိပ်(ပုဂံ)မှ သိရသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်ဖြစ်သော ပန်းယွန်းအတတ်ပညာများကို အစဉ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် ယွန်းပညာရပ်များ မှေးမှိန်ပပျောက်မှုမရှိစေရေးအတွက် လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပုံမှန်သင်တန်းများဖြစ်သော ယွန်းအတတ်ပညာဒီပလိုမာ(၂)နှစ်သင်တန်းနှင့် ယွန်းအတတ်ပညာကျွမ်းကျင်သူ(၁)နှစ်သင်တန်းတို့ကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဒီပလိုမာလက်မှတ်နှင့် ဘွဲ့များအတွက်ယွန်းအတတ်ပညာဒီပလိုမာ(၂)နှစ်သင်တန်းပြီးဆုံးပါက ယွန်းအတတ်ပညာဒီပလိုမာ (Dip.L.T) Diploma in Lacquerware Technology ကို ရရှိမည်ဖြစ်ပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း၊သန်လျင်)များသို့ တတိယနှစ်မှစ၍ ပေါင်းကူးတက်ရောက်၍ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုဘာသာ (Marketing Management) နှင့် လူမှုစီးပွားစီမံခန့်ခွဲမှုဘာသာ (Social Enterprise Management) စသည့် မေဂျာဘာသာရပ်(၂)ခုကို လေ့လာသင်ယူနိုင်မည်ဖြစ်ပြီး B.B.Sc (Marketing Management)နှင့် B.B.Sc (Social Enterprise Management) ဘွဲ့များကို ရရှိမည်ဖြစ်သည်။

ယွန်းအတတ်ပညာဒီပလိုမာ(၂)နှစ်သင်တန်းသို့ တက်ရောက်မည့် ကျောင်းသား/သူများအား အဆောင်အခမဲ့ နေထိုင်ခွင့်ပေးသည့်အပြင် နိုင်ငံတော်မှ ပညာသင်ကာလအတွင်း စားသောက်စရိတ် တစ်လလျှင် ကျပ် ၉၀၀၀၀ နှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ထူးချွန်ဒီပလိုမာကျောင်းသားများအား တစ်ဦးလျှင် တစ်လပညာသင်ထောက်ပံ့ကြေး ကျပ် ၁၅၀၀၀၀ ထောက်ပံ့ပေးအပ်မည်ဖြစ်သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှု အောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့ဟောင်းတွင် တည်ရှိပြီး ၁၉၂၄ ခုနှစ်တွင် အစိုးရယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်းမှစ၍ ၁၉၉၄ ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံအဆင့်သို့လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် ယွန်းပညာကောလိပ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု မြင့်တက်လာမည်ဟု ထိုင်းမျှော်လင့်

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် ဆက်စပ်သည့် နယ်စပ်ဂိတ်ကို ၂၀၂၅ ခုနှစ် သြဂုတ်လကတည်းက ပိတ်ထားခဲ့ရာမှ မြန်မာဘက်က ၂၀၂၆ ခုနှစ် မေ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ DFT ညွှန်ကြားရေးမှူးချုပ် မစ္စ အာရာဒါ ဖူအန်ထောင်က အဆိုပါဂိတ် ပြန်လည်ဖွင့်လှစ်မှုသည် နယ်စပ်ကုန်သွယ်ရေးအတွက် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို တောင်ကိုရီးယားသမ္မတ တိုက်တွန်း

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါပြောကြားချက်ကို ကနေဒါနိုင်ငံ၌ ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံနှုတ်ဆက်စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကန်းယူဂျန်း၏ အဆိုအရ ထရမ့်ပ်က မြောက်ကိုရီးယားနှင့် လက်ရှိဆက်ဆံရေးအခြေအနေများကို မေးမြန်းခဲ့ရာ သမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်ပ်ကလည်း မြောက်ကိုရီးယားနှင့်...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန် ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်မြင့်တက်

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားအစီအစဉ်နှင့် စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေါ့ရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်မီ နှစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကောင်းမြင်မျှော်လင့်ချက်များ မြင့်တက်လာသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရေနံတင်ပို့မှုနှင့် သိုလှောင်မှုဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာသည့် Tanker Trackers...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071