Wednesday, January 22, 2025

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night...

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန...

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ...

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်...
HomeInternationalယောက်ျားလေး ဟန်ဆောင်ပြီး ဆယ်ကျော်သက်...

ယောက်ျားလေး ဟန်ဆောင်ပြီး ဆယ်ကျော်သက် မိန်းကလေးနဲ့ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသမီး တရားစွဲခံရ

ဗြိတိန်နိုင်ငံ၊ ချက်လျှာမြို့ရှိ အယ်လ်ပရာဟမ် ရွာက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ ဆက်ကျော်သက်အရွယ် မိန်းကလေး တစ်ယောက်ကို ယောက်ျားလေးလို ဟန်ဆောင်ပြီး လိမ်လည်လှည့်ဖြားကာ လိင်ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် တရားစွဲဆို ခံထားရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဂျော်ဂျီယာ ဘီလမ် ဆိုတဲ့ အမျိုးသမီးဟာ ဆိုရှယ်မီဒီယာ အက်ပ်တစ်ခုဖြစ်တဲ့ Snapchat မှာ ဂျော့ချ် ပါရီ ဆိုတဲ့ ယောက်ျားလေး နာမည်နဲ့ အမည်မဖော်လိုသူ ၁၉ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဆီ ချဉ်းကပ်ခဲ့ပါတယ်။

အဲဒီလိုနဲ့ အွန်လိုင်းမှာ စကားစပြောဖြစ်ပြီးနောက် လေးနှစ်အကြာမှာ သူတို့နှစ်ယောက်ဟာ အပြင်မှာတွေ့ပြီး စတွဲဖြစ်ခဲ့ပါတယ်။ ဘီလမ်ဟာ ၂၀၂၁ ခုနှစ် မေလကနေ အလိမ်ပေါ်သွားခဲ့တဲ့ ဩဂုတ်လအထိ နစ်နာသူ အမျိုးသမီးကို ယောကျ်ားလေးလို ဟန်ဆောင်ပြီး ချစ်သူရည်းစားအနေနဲ့ လိင်ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နစ်နာသူကတော့ ဘီလမ်ကို ယောကျ်ားလေးထင်ပြီး တွဲခဲ့တာပါ။ ဖြစ်ချင်တော့ နစ်နာသူဟာ အဝေးမှုန်ဖြစ်ပြီး မျက်မှန်ချွတ်လိုက်ရင် ဘာမှမမြင်ရတော့အထိကို မျက်စိအားနည်းတယ်လို့ သိရပါတယ်။

ဒါကို သိတဲ့ ဘီလမ်ဟာ နစ်နာသူနဲ့ တွေ့တဲ့အချိန်တိုင်း မျက်မှန်ကို အရင်ချွတ်ခိုင်းခဲ့ပါတယ်။ လိင်ဆက်ဆံရင်လည်း အလိမ်ပေါ်မှာစိုးလို့ ဘယ်တော့မှ အင်္ကျီ မချွတ်ခဲ့သလို သူ့ခန္ဓာကိုယ်ကိုလည်း ထိတွေ့ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။ ဒါ့ပြင် ဘီလမ်ရဲ့ ပိပိရိရိ လိမ်ညာချက်တွေကြောင့် နစ်နာသူကလည်း သူ့ရည်းစားကို အမျိုးသမီးလို့ သံသယ မဝင်ခဲ့ပါဘူး။

ဒါပေမဲ့ ဘီလမ်ရဲ့ လိမ်ဆင်ဟာ နစ်နာသူရဲ့ အမေနဲ့ စတွေ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာတော့ ဘူးပေါ်သလို ပေါ်သွားခဲ့ပါတယ်။ နစ်နာသူရဲ့ အမေဟာ ဘဘီလမ်နဲ့ တွေ့ပြီးတဲ့နောက် မသင်္ကာလို့ လိုက်စုံစမ်းကြည့်တော့ အဖြစ်မှန်ကို သိသွားခဲ့ပါတယ်။

အဲဒီလို အလိမ်ပေါ်သွားတဲ့နောက် ဘီလမ်ဟာ နစ်နာသူကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ဒါ‌ပေမယ့် နစ်နာသူဘက်ကတော့ ဘီလမ်ကို လိင်ပိုင်းဆိုင်ရာ ‌စော်ကားမှု၊ ယောနိအတွင်း အရာဝတ္ထုတစ်ခုခုဖြင့် ထည့်သွင်းစော်ကားမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ ပြစ်မှု ၁၇ မှုနဲ့ တရားစွဲထားပါတယ်။

အဲဒီအမှုကိုတော့ ချက်စတာ ခရောင်း တရားရုံးမှာ ဇွန်လ ၅ ရက် တနင်္လာနေ့က ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဘီလမ်ကတော့ စွဲချက်တွေ အားလုံးကို ငြင်းဆိုထားတဲ့အတွက် ရုံးတင်စစ်ဆေးမှုတွေကလည်း ဆက်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ ဒီလိုလိမ်လည်လှည့်ဖြားခဲ့တဲ့ ဘီလမ်ဟာ မိန်းမချင်း ကြိုက်လို့လား ဒါမှမဟုတ် အပျော်သက်သက်အနေနဲ့ လုပ်ခဲ့တာလား ဆိုတာကိုလည်း မသိရသေးပါဘူး။

Source: Mirror

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night Market)

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ခရီးသွားလုပ်ငန်းအထောက်အကူပြု တာချီလိတ်ညဈေးကြီးဖြစ်ပေါ်လာစေရေး၊ တာချီလိတ်မြို့လမ်းမကြီးများပေါ်တွင် နေရာအနှံ့ပြန့်ကျဲရောင်းချနေသော လမ်းဘေးပျံကျဈေးရောင်းချသူများအား နေရာအတည်တကျဖြင့် စည်းကမ်းတကျရောင်းချနိုင်စေရေးတို့အတွက် တာချီလိတ်ညဈေး(Night Market)ကို ဂေါက် ကွင်းလမ်း၌ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တာချီလိတ်မြို့နယ်စည်ပင်မှတာဝန်ရှိသူက ညဈေးတွင် ဆိုင်ခန်းများအား မဲစနစ်နှင့်နေရာချထားရေး၊အမှိုက်နှင့်သန့်စင်ခန်းများ ဆောင်ရွက်ရေး၊ တာချီလိတ်ညဈေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့်ညွှန်ကြားချက်သုံးခုကိုထုတ်ပြန်ခဲ့ပြီး အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက်...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071