Thursday, August 6, 2026

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့်...

မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့်...
HomeInternationalယူအက်စ်-အီရန်စစ်ပွဲအတွင်း ယူအက်စ်၏ ကြားဖြတ်ဟန့်တားရေး...

ယူအက်စ်-အီရန်စစ်ပွဲအတွင်း ယူအက်စ်၏ ကြားဖြတ်ဟန့်တားရေး ဒုံးကျည် ၈၀ ရာခိုင်နှုန်းနီးပါး ကုန်လွန်ခဲ့

ဝါရှင်တန်၊ ဩဂုတ် ၄ ရက်

အီရန်နိုင်ငံနှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း အမေရိကန်စစ်တပ်၏ အဓိက ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ကြားဖြတ်ဟန့်တားရေး ဒုံးကျည် ၈၀ ရာခိုင်နှုန်းနီးပါး ကုန်ဆုံးခဲ့ရပြီး ပင်တဂွန်၏ ခဲယမ်းမီးကျောက် လက်ကျန်ပမာဏမှာ စိုးရိမ်ဖွယ်ရာ နည်းပါးနေပြီ ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ တပ်မှူးများက သတိပေးခဲ့ကြသည်ဟု စီအင်န်အင်နါ သတင်းဌာနက အင်္ဂါနေ့၌ ဖော်ပြခဲ့သည်။

စစ်ပွဲမစမီ အရေအတွက်နှင့် နှိုင်းယှဉ်ပါက အမေရိကန်စစ်တပ်သည် ယင်း၏ THAAD ဒုံးကျည် လက်ကျန် ၅ ပုံ ၄ ပုံနီးပါးနှင့် ပက်ထရီယော့ခ် ကြားဖြတ်ဟန့်တားရေး ဒုံးကျည် စုစုပေါင်း၏ ထက်ဝက်ခန့်ကို စစ်ပွဲစတင်ချိန်မှစ၍ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း နောက်ဆုံး လက်ကျန်စာရင်း အစီရင်ခံစာကို သိရှိသူ သတင်းရင်းမြစ်နှစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အနေဖြင့် လွန်ခဲ့သည့် သီတင်းပတ်ကုန်က အီရန်ကို ထပ်မံတို-က်ခိုက်ရန် အစီအစဉ်များကို ဖျ-က်သိမ်းလိုက်သည့် ဆုံးဖြတ်ချက် မတိုင်မီ လက်ကျန်ခဲယမ်း လုံလောက်မှု မရှိသည့် ပြဿနာကို ထပ်မံ မီးမောင်းထိုးပြခဲ့ကြကြောင်း သတင်း၌ ရေးသားထားသည်။

ထို့အပြင် အမေရိကန် ကြည်းတပ်သည် ပဋိပက္ခအတွင်း ၎င်း၏ အလွန်တိကျသော ပ-စ်မှတ်ထိမှန်သည့် အဝေးပ-စ် မြေပြင်မှ ဝေဟင်ပ-စ် လက်နက် “အားလုံးနီးပါး” ကို သုံးစွဲခဲ့ပြီးဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖေါ်ပြပါရှိသည်။

အိမ်ဖြူတော်က ကြေညာခဲ့သော အီရန်နှင့် တိုက်ပွဲများ ကို နောက်တစ်ကြိမ် ပြန်လည်စတင်ခဲ့သည့် ဇူလိုင်လ ၇ ရက် နေ့မှစ၍ အမေရိကန် စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင် ၄ ဦး ‌ေ-သဆုံးခဲ့ပြီး ၂၇၀ ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်က ပင်လယ်ရပ်ခြား စစ်ဆင်ရေးဆိုင်ရာ စစ်ဘက် ထိခိုက်‌ေ-သဆုံးမှုများကို အင်္ဂါနေ့တွင် နောက်ဆုံးအခြေအနေ နောက်ဆက်တွဲ ထုတ်ပြန်လိုက်ချိန်၌ ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ခဲ့သော အီရန်ကို ဆန့်ကျင်သည့် အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေး “Operation Epic Fury” အတွင်း အမေရိကန် စစ်ဘက်ဆိုင်ရာ အဖွဲ့ဝင် ၁၄ ဦး ‌ေ-သဆုံးခဲ့ပြီး ၄၁၇ ဦး ဒ-ဏ်ရာရရှိခဲ့သည်။

နောက်ဆုံး ထုတ်ပြန်ချက်များအရ အီရန်နှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း အမေရိကန်စစ်တပ်မှ စုစုပေါင်း ဒ-ဏ်ရာရရှိသူ အရေအတွက်မှာ ၆၈၇ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။     “ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အပူလွန်ကဲမှုဟာ နေ့စဉ်နဲ့အမျှ ဆက် တိုက်ဖြစ်နေပါတယ်။ တစ်ချိန်က နိုင်ငံခြားသတင်းတွေမှာသာ မြင်တွေ့ခဲ့ရတဲ့ အပူလှိုင်းအခြေအနေတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် လက်တွေ့မျက်မြင်ဖြစ်လာပါပြီ” ဟု ကြာသပတေးနေ့က ပြုလုပ်သော အပူလှိုင်းတုန့်ပြန်ဆောင်ရွက်ရေး အစည်းအဝေးတွင် သမ္မတ လီက ပြောကြားခဲ့သည်။        အပူလှိုင်းလျော့ကျသွားချိန်အထိ ရရှိနိုင်သမျှ...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းရန် အခွင့်အလမ်းသစ်ပေါ်ပေါက်

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ် ပေါ်ပေါက်လာကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ အဓိကလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NUG တို့ပါဝင်ဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ သဘောထားပြောင်းလဲလာမှုကလည်း ယင်းအခြေအနေကို ပိုမိုထင်ရှားစေကြောင်း သုံးသပ်ထားသည်။ SCEF သည် ဇူလိုင်လအတွင်း ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကတိပြုထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်မည်

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သနာဒီရက်၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သည့်အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဧပြီလအတွင်း သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံးသွားရောက်သည့် နိုင်ငံများအနက် ထိုင်းနိုင်ငံကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071