Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ်...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...
HomeInternationalယူကရိန်းအရေးကန်အစိုးရသစ်နှင့်ဆွေးနွေးရန်အသင့်ရှိ--ပူတင်

ယူကရိန်းအရေးကန်အစိုးရသစ်နှင့်ဆွေးနွေးရန်အသင့်ရှိ–ပူတင်

မော်စကို၊ဇန်နဝါရီ ၂၀

ယူကရိန်းအကြပ်အတည်းနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရသစ်နှင့်ဆွေးနွေးရန်အဆင်သင့်ရှိကာ လမ်းဖွင့်ထားသည်ဟု ရုရှားသမ္မတပူတင်ကပြောကြားခဲ့သည်။

“အရေးအကြီးဆုံးက အခုဖြစ်နေတဲ့ အကြပ်အတည်းနဲ့ဆိုင်တဲ့ အဓိက အကြောင်းရင်းတွေကိုဖယ်ရှားပစ်ဖို့ပါပဲ” ဟု ပူတင်က နိုင်ငံ၏ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း ခရမ်မလင်၏ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်လက်၍ ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေအလားအလာရှိသောဖြေရှင်းနည်းမှာ စစ်အင်အားပြန်လည် စုစည်းရန်အတွက် ယာယီအပစ်အခတ်ရပ်စဲရေးမျိုးမဟုတ်ဘဲ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးမျိုးသာဖြစ်သင့်သည်ဟုလည်းပြောကြားခဲ့သည်။

မော်စကိုအနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို မည်သည့် အခါကမှငြင်းပယ်ခဲ့ခြင်းမျိုးမရှိဘဲ မည့်သည့် အမေရိကန်အစိုးရနှင့်မဆို တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟုလည်းပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ၎င်းက သမ္မတထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်ကမူ မော်စကိုအနေဖြင့် အမေရိ ကန်အစိုးရသစ်အပါအဝင် အခြားအနောက်နိုင်ငံခေါင်းဆောင်များနှင့်ပါ ဆက်သွယ်ရန်ပြင်ဆင်ထားသည်ဟုအတည်ပြုခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ အစိုးရအိမ်တော်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ကို တီးမှုတ်၍...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ် ၁၂ ခုတွင် ရေပေးဝေရေး ယာယီပြတ်တောက်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV Auto Recloser တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ ရန်ကုန်မြို့နယ် ၁၂ ခု တွင် ရေပေးဝေရေး ယာယီပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထုတ်ပြန်သည်။ အဆိုပါလုပ်ငန်းကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ လေးနာရီကြာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလအတွင်း...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါချေးငွေများကို ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်အရ စက်ပစ္စည်းများ ဖြည့်ဆည်းဝယ်ယူတပ်ဆင်ခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071