Saturday, June 27, 2026

MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား ဂိုးနည်းပြ လီယိုအိုနာနာ Leo Onana ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ လီယိုအိုနာနာသည် MFF...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန်...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်...

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ် တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏...
HomeInternationalယူကရိန်းသို့ အမေရိကန်က ထောက်ပံ့ပေးထားသည့်...

ယူကရိန်းသို့ အမေရိကန်က ထောက်ပံ့ပေးထားသည့် Bradley သံချပ်ကာယာဉ် သုံးပုံတစ်ပုံနီးပါး ပျောက်ဆုံး/ပျက်စီး

ယူကရိန်းသို့ အမေရိကန်က ထောက်ပံ့ပေးထားသည့် Bradley သံချပ်ကာယာဉ်များ၏ သုံးပုံတစ်ပုံနီးပါးသည် ပျောက်ဆုံး(သို့)ပျက်စီးသွားပြီဖြစ်ကြောင်း စစ်ဆင်ရေးဆိုင်ရာအချက်အလက်များအရသိရပြီး ယူကရိန်း၏ တန်ပြန်ထိုးစစ်သည် ခက်ခဲကာ ငွေကုန်ကြေးကျများသော အစီအစဉ်တစ်ခုဖြစ်ကြောင်း သက်သေပြနေသည်ဟု နိုင်ငံတကာသတင်းဌာနများက ရေးသားကြသည်။

သမ္မတဘိုင်ဒင် အစိုးရက တပ်ဖွဲ့ဝင် ၁၀ ဦးခန့် သယ်ဆောင်နိုင်သည့် Bradley Fighting Vehicles သံချပ်ကာယာဉ် အစီး ၅၀ ထက်မနည်းကို ယူကရိန်းသို့ စေလွှတ်မည်ဟု ဇန်နဝါရီလကတည်းက ကြေညာခဲ့သည်။

ယူကရိန်းတပ်မဟာ (၄၇) စက်ပြင်မှုဆိုင်ရာတပ်သည် ယင်းမော်တော်ယဉ်များကို လက်ခံရရှိသည့် တစ်ခုတည်းသော ယူနစ်ဖြစ်ကြောင်း New York Times သတင်းစာကြီးက စနေနေ့တွင် ဖော်ပြခဲ့သည်။ ဖေဖော်ဝါရီလတွင် ပေါက်ကြားခဲ့သည့် ပင်တဂွန်စစ်ဌာနချုပ်၏ စာရွက်စာတမ်းများအရ တပ်မဟာ ၄၇ မှ သံချပ်ကာယာဉ် စုစုပေါင်း ၉၉ စီးကို လက်ခံရရှိမည် ဖြစ်ကြောင်း သိရခဲ့သည်။ သို့သော် စစ်မြေပြင်တွင် ပထမဆုံး တပ်ဖြန့်ချထားသော သံချပ်ကာယာဉ် ၁၀၉ စီးကို အမေရိကန်က ဧပြီလတွင် ပေးပို့ခဲ့ကြောင်း အခြားသတင်းများအရ သိရသည်။

Open-source စစ်ဘက်ဆိုင်ရာ သုတေသနအဖွဲ့ Oryx က အမေရိကန်တို့၏ Bradley သံချပ်ကာယာဉ် ၃၄ စီးသည် စွန့်ပစ်ခံရခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းဖြစ်သည်ဟု မြင်သာထင်ရှားစွာ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ Insider သတင်းဌာနကမူ ဇွန်လတိုက်ပွဲများ ရက်အနည်းငယ်အတွင်းတွင်ပင် သံချပ်ကာယာဉ် တစ်ဒါဇင်ကျော်ထက်မနည်း ဆုံးရှုံးခဲ့ကြောင်း ဆိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား လီယိုအိုနာနာ ခန့်အပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ဂီနီနိုင်ငံသား ဂိုးနည်းပြ လီယိုအိုနာနာ Leo Onana ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ လီယိုအိုနာနာသည် MFF အကယ်ဒမီ၏ ဂိုးသမားများကို လေ့ကျင့်ပျိုးထောင်မည့် ဂိုးနည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ယင်းခန့်အပ်မှုနှင့်ပတ်သက်၍ Menzs ports Academy ကလည်း ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ ဂိုးသမားနည်းပြဖြစ်သူ လီယိုအိုနာနာအား MFF အကယ်ဒမီ ဂိုးနည်းပြချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြထားသည်။ Menzsports Academy က လီယိုအိုနာ နာ၏ ဂိုးသမားများ ဖွံ့ဖြိုးတိုးတက်ရေးအပေါ်...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို (၄-၁) ဂိုးဖြင့် အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် (၃၂)သင်းအဆင့် တက်ရောက်

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် (၃၂)သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ဘော့စတွန်အားကစားကွင်းတွင် ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ဒမ်ဘီလီက ပွဲချိန် ၇ မိနစ်၊ မိနစ် ၂၀ နှင့် ၃၂ မိနစ်တို့တွင် သွင်းဂိုးများသွင်းယူကာ ပထမပိုင်းအတွင်း ဟက်ထရစ်ရယူနိုင်ခဲ့သည်။ ပြင်သစ်အသင်း၏...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး စီစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်က ကျင်းပခဲ့ပြီး လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဌာနပိုင်အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများကို စနစ်တကျ ဖျ-က်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းနိုင်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် သက်ဆိုင်ရာဌာနများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071