Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeInternationalယူကရိန်းပဋိပက္ခ ရည်မှန်းချက်အောင်မြင်ဖို့ ထရမ့်ကို...

ယူကရိန်းပဋိပက္ခ ရည်မှန်းချက်အောင်မြင်ဖို့ ထရမ့်ကို ပူတင် ဖုန်းဆက်

မော်စကို၊ ဇူလှိုင် ၄

ရုရှားသမ္မတ ဗလီဒီမီးယားပူတင်သည် ယူကရိန်းနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း မော်စကိုသည် မိမိ၏ရည်ရွယ်ချက်များကို အထူးသဖြင့် ယခုအခြေအနေထိရောက်လာစေသည့် အခြေခံအကြောင်းရင်းများကို ဖယ်ရှားရန် ရည်ရွယ်ချက်အပါအဝင် အောင်မြင်အောင် ဆောင်ရွက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်နှင့် ကြာသပတေးနေ့က တယ်လီဖုန်းဆက်ရာ၌ ပြောကြားခဲ့သည်ဟု ရုရှားသမ္မတ၏ အကြံပေး ယူရီ ဥရှာကော့ က ဖော်ပြသည်။

“ရုရှားအနေနဲ့ လက်ရှိအခြေအနေတွေကို ဦးတည်သွားစေတဲ့ ဆိုးရွားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအထိ ဖြစ်စေတဲ့ လူသိများတဲ့ အရင်းခံအကြောင်းတရားတွေကို ချေမှုန်းပစ်ဖို့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတက ပြောကြားခဲ့ပါတယ်။ ပြီးတော့ ရုရှားအနေနဲ့ ဒီရည်မှန်းချက်တွေကို မစွန့်ပါဘူး” ဟု ဥရှာကော့ က ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းနှင့် တတိယအကျော့ ဆွေးနွေးပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု ပူတင်နှင့် ထရန့်တို့က ဖြစ်နိုင်ချေရှိသော စေ့စပ်ညှိနှိုင်းမှုအတွင်း ဆွေးနွေးမည့် အကြောင်းအရာများကို အသေးစိတ် မညှိနှိုင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်နှင့် ထရမ့်တို့သည် အီရန်နှင့် အရှေ့အလယ်ပိုင်း လက်ရှိအခြေအနေနှင့်ဆီးရီးယားအခြေအနေမျာစကို ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်ဟု ကရင်မလင်လက်ထောက်က မီဒီယာတွေကို ပြောကြားခဲ့ပါသည်။
“အရှေ့အလယ်ပိုင်းပြဿနာမှာ အငြင်းပွားမှုတွေ၊ သဘောထားကွဲလွဲမှုတွေနဲ့ ပဋိပက္ခအခြေအနေတွေကို နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့ အရေးကြီးကြောင်း ပူတင်က အလေးပေး ပြောကြားခဲ့ပါတယ်။ နှစ်ဖက်စလုံးက နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ၊ ကာကွယ်ရေး ဝန်ကြီးဌာနတွေနဲ့ သမ္မတ လက်ထောက်အဆင့်မှာ ဆက်သွယ်မှုများကို ထိန်းသိမ်းဖို့ သဘောတူခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

စွမ်းအင်နှင့် အာကာသ အပါအဝင် ရုရှားနှင့် အမေရိကန်ကြား စီးပွားရေး ပရောဂျက်များကို အကောင်အထည်ဖော်ရန် အပြန်အလှန် စိတ်ဝင်စားကြောင်း ပူတင်နှင့် ထရမ့်က အတည်ပြုခဲ့ကြောင်း ဥရှာကော့ က ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ ဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခြင်း မူဘောင်အတွင်း အထူးသဖြင့် စွမ်းအင်နှင့် အာကာသ သုတေသနနယ်ပယ်များတွင် အလားအလာရှိသော စီးပွားရေး ပရောဂျက်များ အကောင်အထည်ဖော်ရေးတွင် နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးစီးပွားရှိသည်ကို အတည်ပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဥရှာကော့ က သမ္မတများသည် ၎င်းတို့၏ ဆက်သွယ်မှုကို ဆက်လက်လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071