Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeNewsLocal Newsယူကရိန်းနှင့်စစ်ဖြစ်ချိန်မှစ၍ ရုရှားသမ္မတ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်

ယူကရိန်းနှင့်စစ်ဖြစ်ချိန်မှစ၍ ရုရှားသမ္မတ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်

ယူကရိန်းနှင့်စစ်ဖြစ်ချိန်မှစ၍ ရုရှားသမ္မတ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်

လန်ဒန်၊ဇွန် ၂၆
ရုရှားနိုင်ငံ၏သမ္မတ ဗလာဒီမာပူတင်သည် အာရှအလယ်ပိုင်းရှိယခင် ဆိုဗီယက်နိုင်ငံငယ်နှစ်ခုသို့ ယခုအပတ်အတွင်း သွားရောက်မည်ဖြစ်ကြောင်း ရုရှားရုပ်သံမီဒီယာများက တနင်္ဂနွေနေ့တွင်ကြေငြာခဲ့သည်။ယခုခရီးစဉ်သည် ရုရှား – ယူကရိန်းစစ်စတင်ချိန်မှစ၍ ပထမဆုံးတရားဝင်ကြေငြာကာသွားရောက်သောခရီးစဉ်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တာဂျစ်ကစ္စတန်နှင့် တာခ့်မင်နစ္စတန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အင်ဒိုသမ္မတနှင့်မော်စကိုတွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟုသတင်း​များကဆိုသည်။

ရုရှား၏မဟာမိတ်တစ်ဦးဖြစ်ပြီး ယခင်ဆိုဗီယက်နိုင်ငံတစ်ခု၏ သက်တမ်းအရှည်ဆုံးအုပ်ချုပ်သူဖြစ်သည့် တာဂျစ်သမ္မတမစ္စတာ Imomali Rakhmon နှင့်တာဂျစ်ကစ္စတန်၏မြို့တော် ဒူရှန်ဘဲတွင် သမ္မတပူတင်က သွား​ရောက် တွေ့ဆုံမည်ဖြစ်သည်။

ပြီးနောက် တာ့ခ်မင်နစ္စတန်၏မြို့တော် အက်ရှ်ကာဘတ်တွင် သမ္မတပူတင်သည် ကက်စပီယန်တိုင်းပြည်များ၏ ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်မည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ကက်စပီယန် ပင်လမ်းကမ်းရိုးတန်းတ​လျောက် နယ်နမိတ် ပိုင်ဆိုင်ကြသည့် တိုင်းပြည်များဖြစ်သည့် အဇာဘိုင်ဂျန်၊ကာဇက်စတန်၊ရုရှ၊အီရန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများမှ ခေါင်းဆောင်များပါဝင်မည်ဖြစ်သည်။

ထို့ပြင်သမ္မတပူတင်သည်ဇွန်လ ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်တို့တွင် ဘီလာရုဇ်နိုင်ငံ Grodno မြို့သို့လည်းသွားရောက်ရန် စီစဉ်ထားပြီး ဘီလာရုဇ်သမ္မတ Alexander Lukashenko နှင့်ဖိုရမ် တစ်ခုတွင် ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ Valentina Matviyenko ၏ဘီလာရုဇ်ရုပ်မြင်သံကြားတွင်ပြောကြားချက်ကိုကိုးကား၍ RIA သတင်းဌာနမှဖော်ပြခဲ့သည်။

ပူတင်၏နောက်ဆုံးသွားရောက်ခဲ့သောခရီးသည် ဖေဖော်ဝါရီလအစောပိုင်းက ပေကျင်းသို့ခရီးစဉ်ဖြစ်ပြီး ၎င်းနှင့်တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့မတက်ရောက်မီနာရီပိုင်းအလိုတွင် “အကန့်သတ်မဲ့ “နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ်ကို ထုတ်ဖော်ပြသခဲ့သည်။

ရုရှားကပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ယူကရိန်းသို့၎င်း၏တပ်ဖွဲ့များကိုစေလွှတ်ခဲ့သည်။ထိုသို့စေလွှတ်ရသည့်ရည်ရွယ်ချက်မှာ အိမ်နီးချင်းနိုင်ငံ၏စစ်ရေးစွမ်းရည်ကိုအဆင့်နိမ့်ထားရန်၊ထိုနိုင်ငံကို အနောက်နိုင်ငံများက အသုံးချ၍ ရုရှားကို ခြိမ်း​ခြောက် ခြင်းမှကာကွယ်ရန်၊အမျိုးသားရေးဝါဒီများကိုဖယ်ထုတ်ပြီး အရှေ့ပိုင်းဒေသများရှိ ရုရှားစကားပြောသူများကိုကာကွယ်ရန်တို့ဖြစ်သည်။သို့‌သော်ယူကရိန်းကမူ ရုရှား၏စစ်ထိုးမှုကို နယ်ချဲ့ပုံစံမြေသိမ်းမှုဟုခေါ်ဆိုခဲ့သည်။

ယူကရိန်းစစ်ကြောင့်ပင် အနောက်အုပ်စုမှ ရုရှအား ပြင်းထန်သောငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။ဤအကြောင်းများကြောင့်ပင် ရုရှားသည် တရုတ်၊အိန္ဒိယနှင့် အီရန်တို့ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် ခိုင်မာသောကုန်သွယ်‌ရေးနှင့် ဆက်ဆံရေး တည်ဆောက်ခဲ့ရသည်ဟု ပူတင်ကပြောကြားခဲ့သည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071