Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalယူကရိန်းကငြိမ်းချမ်းရေးရယူခြင်းသည်အညံ့ခံခြင်း မဟုတ်-မက်ခရွန်

ယူကရိန်းကငြိမ်းချမ်းရေးရယူခြင်းသည်အညံ့ခံခြင်း မဟုတ်-မက်ခရွန်

ငြိမ်းချမ်းရေးရယူ‌ရေးအစီအစဉ်သည် ယူကရိန်းက အညံ့ခံခြင်း သဘောမဟုတ်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် သတိပေးခဲ့သည်။ သို့ရာတွင် အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့အကွဲအပြဲကို စိုးရိမ်မှုများရှိလင့်ကစား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဆွေးနွေးမှုများသည် ရှေ့ဆက်သွားမည့် လမ်းကြောင်းကို ပြသခဲ့ကြောင်း သူက ပြောဆိုသည်။

ရုရှား၏ ကျူးကျော်မှု သုံးနှစ်မြောက်နှစ်ပတ်လည်တွင် အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ကြရာ၌ ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များ စေလွှတ်ရေး နှင့် ပတ်သက်၍ တိုးတက်မှုများ ရှိခဲ့သည်ဟု ခေါင်းဆောင်နှစ်ဦးက ပြောကြားခဲ့သည်။ သို့ရာတွင် မစ္စတာ မက်ခရွန်က ကိဗ်အပေါ် အမေရိက က လုံခြုံရေးအာမခံချက်ပေးရေးကို အလေးပေးပြောဆိုခဲ့သည်။

ကိဗ်တွင် ဥရောပခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယခုနှစ်တွင် ငြိမ်းချမ်းရေးရရန် တောင်းဆိုခဲ့ခြင်းနှင့် မစ္စတာ ထရမ့်ပ်က ရုရှား၏ ရပ်တည်ချက်ဘက်သို့ ယိမ်းလာနိုင်ခြေအပေါ် စိုးရိမ်မှုများမြင့်တက်လာချိန်တွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အနောက်လိုလားသော အိမ်နီးချင်းနိုင်ငံအပေါ် မော်စကိုက ကျူးကျော်မှုကို ဝါရှင်တန်အနေဖြင့် ရှုတ်ချမှုမျိုး မလုပ်ရန် ရှောင်ရှားနေခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်က ကုလသမဂ္ဂတွင် ဆုံးဖြတ်ချက် အစီအစဉ်နှစ်ရပ်၌ အမေရိကသည် ရုရှားဘက်မှ ရပ်တည်သွားခဲ့သည်။

“ဒီငြိမ်းချမ်းရေးက ယူကရိန်းရဲ့ အညံ့ခံခြင်း သဘောမျိုး မဟုတ်ဘူး” ဟု မစ္စတာ ထရမ့်ပ်နှင့် ပူးတွဲသတင်းစာရှင်လင်းပွဲတွင် မစ္စတာ မက်ခရွန်က ပြောဆိုခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ပြန်လည်ထိတွေ့ဆက်ဆံရန်အတွက် မစ္စတာ ထရမ့်ပ်တွင် အကြောင်းပြချက်ကောင်းရှိနေကြောင်း မစ္စတာ မက်ခရွန်က ပြောဆိုသည်။ သို့ရာတွင် ဥရောပ ငြိမ်းချမ်းရေးထိန်းသိမ်း‌ရေး တပ်ဖွဲ့အတွက် အထောက်အပံ့ပေးရန် ဝါရှင်တန်အတွက် အရေးကြီးသည်ဟုလည်း သူက ဆက်လက် ပြောကြားခဲ့သည်။

“သမ္မတ ထရမ့်ပ်နဲ့ စကားပြောပြီးမှ ရှေ့ဆက်သွားရမယ့် လမ်းကြောင်းတစ်ခုရှိမယ်ဆိုတာကို ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်” ဟု မက်ခရွန်က ပြောဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071