Friday, September 18, 2026

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ...

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ်...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

လေးမျက်နှာတွင် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ဆောင်ရွက်ပေးနေ

လေးမျက်နှာ၊ စက်တင်ဘာ ၁၈ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရွေ့လျားမိုဘိုင်းယာဉ် (COW)...
HomeNewsLocal Newsယာယီနေရပ်စွန့်ခွာနေရသူတစ်ဦးလျှင် တစ်လငွေကျပ်(၂ဝဝဝဝ)နှုန်းဖြင့် ၂ဝ၂၅...

ယာယီနေရပ်စွန့်ခွာနေရသူတစ်ဦးလျှင် တစ်လငွေကျပ်(၂ဝဝဝဝ)နှုန်းဖြင့် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးသွားမည်

မြန်မာနိုင်ငံရှိ ဒေသအချို့တွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသူတစ်ဦးလျှင် တစ်လငွေကျပ်(၂ဝဝဝဝ)နှုန်းဖြင့် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ပြောကြားချက်အရ သိရသည်။

၎င်းမှ ဖေဖော်ဝါရီ ၁၁ ရက်နံနက်ပိုင်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲသို့တက်ရောက်လာသည့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

” နိုင်ငံတော်အနေနဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ယာယီနေရပ်စွန့်ခွာနေရတဲ့ပြည်သူတွေအတွက် ထောက်ပံ့ငွေပေးရာမှာ တစ်ယောက်ကို တစ်လငွေကျပ်(၂ဝဝဝဝ)နှုန်းနဲ့ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးသွားမှာပါ” ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၏ သဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေစာရင်းအမှတ်များသို့ လွှဲအပ်ပေးသွားမည်ဖြစ်၍ ထောက်ပံ့ငွေများပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေများအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံးပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲကျန်နေခဲ့ရသူများမရှိစေရေး၊ စနစ်တကျထိထိရောက်ရောက်ထောက်ပံ့ပေးအပ်နိုင်ရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဟု မှာကြားသည်။

ထို့ပြင် ယခုကောက်ယူရရှိထားသည့် စာရင်းတွင်မပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမည့် ယာယီနေရပ်စွန့်ခွာနေရသူများ၏ စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြတောင်းခံသွားရန်နှင့် စနစ်တကျစိစစ်ထောက်ပံ့ပေးသွားရန်လိုသည်ဟုလည်း မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအတွက် ထောက်ပံ့ငွေများကို နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များထံပေး အပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူ ၁၈၆ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခါးပိုက်နှိုက်မှု ၂၀၆ မှုနှင့် ဆက်စပ်၍ အမျိုးသား ၁၆၅ ဦးနှင့် အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၁၈၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများထံမှ သက်သေခံပစ္စည်းများအဖြစ် လက်ကိုင်ဖုန်း ၂၃၅ လုံးနှင့် ငွေကျပ် ၆,၈၈၅,၇၀၀ ကို...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ သိုလှောင်ရုံကုန်အပ် ချေးငွေစနစ် စတင်

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးရာသီနှမ်းများ စုပေါင်းရောင်းဝယ်ရေးနှင့် သိုလှောင်ရုံကုန်အပ် ချေးငွေစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ ၂၀၂၆–၂၀၂၇ ခုနှစ် မကွေးတိုင်းဒေသကြီး မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးရာသီနှမ်းများအတွက် စုပေါင်းရောင်းဝယ်ရေးလုပ်ငန်း အခမ်းအနားကို စက်တင်ဘာ ၁၀...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (စက်တင်ဘာ ၁၈ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ဓာတ်ဆီ 92 Ron...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071