Friday, June 12, 2026

ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကော်မတီ(၄)ခုဖွဲ့စည်းပြီး ကော်မတီ(၄)ခုဖွဲ့စည်းရန်တင်ပြခဲ့

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး ဆဋ္ဌမနေ့ဖြစ်သည့် ဇွန် ၁၁ ရက်တွင် ကော် မတီ(၄)ခုကိုဖွဲ့စည်းခဲ့ပြီး ကော်မတီ(၄)ခုဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။ တောင်သူလယ်သမားရေးရာကော်မတီကို...

ဒေးဒရဲမြို့ အနီး ကျိုက်ထော်ကို ဗဟိုပြု၍...

ယနေ့တွင် ဒေးဒရဲမြို့ အနီး ကျိုက်ထော်ကို ဗဟိုပြု၍ အင်အား ၃.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်က မြို့နယ်အချို့ သိသာခံစားခဲ့ရသည်။ အထူးသဖြင့် ရန်ကုန်မြို့ရှိ...

လမ်းခွဲသည့် ချစ်သူအမျိုးသမီးကို သတ်ပြီးနောက် အမျိုးသားတစ်ဦး...

လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာအမျိုးသမီးကို သတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းက ခုန်ချသတ်သေသွားကြောင်း...

မြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒဏ်ပေးကာ နေရပ်များထံပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများ ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက နယ်နှင်ဒဏ်ပေးပြီး နေရပ်များထံပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ တောင်းရမ်းစားသောက်နေသူများသည် အနယ်နယ်အရပ်ရပ်မှ မြဝတီမြို့သို့ရောက်ရှိလာပြီးအ ခြေချနေထိုင်ကာ...
HomeNewsLocal Newsယမန်နေ့က အနားပေးလိုက်သည့် ပြည်ထောင်စုအဆင့်...

ယမန်နေ့က အနားပေးလိုက်သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနေရာတွင် အစားထိုးခန့်အပ်မှုများ ပြုလုပ်

ယမန်နေ့ ဩဂုတ်လ (၂) ရက်က အနားပေးလိုက်သည့် ပြည်ထောင်စု တရားသူကြီးချုပ် ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ နေရာတွင် အစားထိုးခန့်အပ်မှုများ ပြုလုပ်ကြောင်း ယနေ့ ဩဂုတ်လ (၃) ရက်တွင် နစက ကသတင်း ထုတ်ပြန်သည်။

အဆိုပါ အမိန့်ကြေညာချက်များအရ ပြည်ထောင်စုတရား သူကြီးချုပ် အဖြစ် ဦးသာဌေးအား ခန့်အပ်တာဝန်ပေးထားပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါက်တာ ခင်နိုင်ဦး အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးအောင်ဇော်သိန်း ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဦးအောင်သော် ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးစစ်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌအဖြစ် ဦးသန်းထွန်းဦး ၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်
ဦးပေါ်လွင်စိန်တို့အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

ထို့အပြင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်အဖြစ် ဒေါက်တာ ထိန်လင်းဦး အား ခန့်အပ်တာဝန်ပေး လိုက်ပြီး ဦးဗိုလ်ဗိုလ်ကျော်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း ၊ ဦးဖြိုးဇော်စိုးအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့ပြီး ဦးခင်လတ် အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ဒုတိယဝန်ကြီးတာဝန်ပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အမိန့်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကော်မတီ(၄)ခုဖွဲ့စည်းပြီး ကော်မတီ(၄)ခုဖွဲ့စည်းရန်တင်ပြခဲ့

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး ဆဋ္ဌမနေ့ဖြစ်သည့် ဇွန် ၁၁ ရက်တွင် ကော် မတီ(၄)ခုကိုဖွဲ့စည်းခဲ့ပြီး ကော်မတီ(၄)ခုဖွဲ့စည်းရန်လည်း လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။ တောင်သူလယ်သမားရေးရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ကန့်ဘလူမဲဆန္ဒနယ်မှ ဦးမြတ်ကျော်၊ အတွင်းရေးမှူးအ ဖြစ် လယ်ဝေးမဲဆန္ဒနယ်မှ ဦးဝင်းဌေးတို့အပါအဝင် အ ဖွဲ့ဝင်(၁၅)ဦး၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီကို ဥက္ကဋ္ဌအဖြစ် ရေနံချောင်းမဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း ၊ အတွင်းရေးမှူးအဖြစ် ဝေါမဲဆန္ဒနယ်မှဦးအောင်နိုင်တို့အပါအဝင် အဖွဲ့ဝင်(၁၅)ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။  ပညာရေးမြှင့်တင်မှုကော်မတီကို ဥက္ကဋ္ဌအဖြစ် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်၊ အတွင်းရေးမှူးအဖြစ်...

ဒေးဒရဲမြို့ အနီး ကျိုက်ထော်ကို ဗဟိုပြု၍ အင်အား ၃.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

ယနေ့တွင် ဒေးဒရဲမြို့ အနီး ကျိုက်ထော်ကို ဗဟိုပြု၍ အင်အား ၃.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်က မြို့နယ်အချို့ သိသာခံစားခဲ့ရသည်။ အထူးသဖြင့် ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ နေ့လယ် ၁၂ နာရီကျော်အချိန်က သိသာခံစားခဲ့ရခြင်း ဖြစ်သည်။ “လှိုင်ဘက် သိသာတယ်၊ ကိုယ့်လိုပဲ တိုက်အောက်ပြေးဆင်းကြတဲ့လူတွေရှိတယ်” ဟု ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ပေါ်ပြူလာကိုပြောသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၁၅)မိနစ်၊ (၁၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၂) မိုင်ခန့် ကွာဝေးသော...

လမ်းခွဲသည့် ချစ်သူအမျိုးသမီးကို သတ်ပြီးနောက် အမျိုးသားတစ်ဦး ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေမှုဖြစ်ပွား

လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာအမျိုးသမီးကို သတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းက ခုန်ချသတ်သေသွားကြောင်း သိရသည်။ ဖြစ်စဉ်၌ တရုတ်နိုင်ငံသား LE CHEIN KYO (ခ) ဦးတင်စိုးသည် လမ်းခွဲမည်ဟု ပြောသည့် အတူနေ ချစ်သူကောင်မလေးကို သတ်ခဲ့ပြီး ရန်ကင်းမြို့နယ် အမှတ် ၅ ရပ်ကွက်၌ တည်ရှိသည့် ဆီဒိုးနားဟိုတယ် ၂၉ လွှာမှ ခုန်ချသတ်သေခဲ့ကြောင်း၊ အဆုံးစီရင်ရခြင်း ဖြစ်ကြောင်း သေတမ်းစာတစောင်ရေးသားခဲ့သည်ဟု သိရသည်။ ရဲတပ်ဖွဲ့အနေဖြင့် သေတမ်းစာပါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071