ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှစ၍ ၁၆ ရက်အတွင်း ရန်ကုန်တိုင်း၌ ဖေဖော်ဝါရီလ၏ ပုံမှန်နေ့အပူချိန်ထက်(၄)ဒီဂရီဆဲလ်စီးယပ်ခန့်မြင့်တက်လာနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်က အသိပေးခဲ့သည်။
ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ဖေဖော်ဝါရီလ၏ ပုံမှန်နေ့အပူချိန်ထက်(၄)ဒီဂရီဆဲလ်စီးယပ်ခန့်မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။
မကွေးတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် (အောက်ပိုင်း)တို့တွင် ဖေဖော်ဝါရီလ၏ ပုံမှန်နေ့အပူချိန်ထက် (၃)ဒီဂရီဆဲလ်စီးယပ်ခန့်မြင့်တက်လာနိုင်သည်ဟုလည်း အသိပေးခဲ့သည်။
ထို့ပြင် ပဲခူးတိုင်း(အရှေ့ပိုင်း)တွင် ဖေဖော်ဝါရီလ၏ ပုံမှန်နေ့အပူချိန်ထက်(၆)ဒီဂရီဆဲလ်စီးယပ်ခန့်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ် (အောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဖေဖော်ဝါရီလ၏ ပုံမှန်နေ့အပူချိန်ထက် (၅)ဒီဂရီဆဲလ်စီးယပ်ခန့်မြင့်တက်လာနိုင်သည်ဟုလည်း အသိပေးခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ နေ့အပူချိန်များ(အသင့်အတင့်)ပိုနိုင်ပြီး ကျန်တစ်ပြည်လုံးတွင် ဖေဖော်ဝါရီလ၏ ပုံမှန်နေ့အပူချိန်ခန့်သာရှိနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)က အသိပေးခဲ့သည်။
