မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအနေနဲ့ အခုနှစ်မှာလည်း ရုပ်ရှင်ထူးချွန်ဆုကို ၁၁ ဆုလုံး ချီးမြှင့်သွားမှာဖြစ်ပြီး ချီးမြှင့်မယ့်ဆုတွေကတော့ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ရုပ်ရှင်ဓါတ်ပုံဆု၊ ဇာတ်ညွန်းဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ နောက်ခံတေး ဂီတဆု၊ ရုပ်ရှင်အသံဆု၊ ရုပ်ရှင်တည်း ဖြတ်ဆုတို့ကို ချီးမြှင့်သွား မှာဖြစ်ပါတယ်။ ဒါ့အပြင် မူလ၁၁ဆုအပြင် ထူးချွန်စွာ တီထွင်ဖန်တီးခဲ့ခြင်း မျိုး ရှိခဲ့ပါကလည်း အထူးဆုအနေနဲ့ ကလေးသရုပ်ဆောင်ဆု၊ အဝတ်အစား အထူးဆု၊ မိတ်ကပ်ဆံပင်အထူးဆု၊ VFX, Animation အထူးဆု၊ Title Song ရုပ်ရှင်သီချင်းအထူးဆု၊ Sound Design အထူးဆုတို့ကို ချီးမြှင့်နိုင်ကြောင်း သိရပါတယ်။ ရုပ်ရှင် Title Songနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ပေးအပ်ချီး မြှင့်သွားဖို့ရှိမလားလို့ မေးမြန်းတဲ့အခါမှာတော့ . . .
”ရုပ်ရှင် Title Songနဲ့ ပတ်သက်လို့ ကျွန်တော်တို့တွေများစွာ ငြင်းခုံခဲ့ကြ ရပါတယ်။ အမျိုးမျိုးငြင်းခုံကြတဲ့အခါမှာ နောက်ဆုံးအဖြေမထွက်နိုင်တဲ့အတွက် ဒီဆုကိုတော့ အခုလောလောဆယ်မှာ အထူးဆုအနေနဲ့မထည့်ဘူးလို့ အကယ် ဒမီ စည်းမျဉ်းစည်းကမ်း ရေးဆွဲရေး ကော်မတီအများဆန္ဒနဲ့အညီ ဒီဆုကို ဖယ်ခဲ့ရခြင်းဖြစ်ပါတယ်။ ဝိဒါဒကွဲ စရာတွေရှိနေလို့ပါ။ (၁) အချက် ဘယ်သူ့ကို ပေးမှာလဲဆိုတဲ့ကိ စ္စပါ။ ဒီဆုက ကော်ပီလား Owntune လားပေါ့။ Owntune ဖြစ်ပြီဆိုတော့မှ တေးရေးသူကို ပေးမှာလားဆိုတဲ့သူကိုပေးမှာလား တီးဝိုင်းကို ပေးမှာလား ၃ ယောက်လုံးကို ပေးမှာလား ဒါမျိုးတွေကအစ ဝိဒါဒတွေ ကွဲပြားလာတဲ့အတွက် ဒီဆုကိုတော့ဒီနှစ်အတွက်ကိုတော့ ကျွန်တော်တို့ချန်ထား ဦးမယ်။ နောင်မှ တိုးမြှင့်သင့်တာရှိ ရင်လည်း ထပ်မံတိုးမြှင့်စဉ်းစားမယ်ဆိုပြီး လုပ်ခဲ့ခြင်းဖြစ်ပါတယ်” လို့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ရှင်းလင်း ပြောပြခဲ့ပါတယ်။
လင်းအက္ခရာ