Wednesday, September 16, 2026

ဟော်မုဇ်ရေလက်ကြားပြဿနာကြောင့် EU ဘီလီယံ ၉၀...

​ဟော်မုဇ်ရေလက်ကြားပြဿနာတွေကြောင့် ဥရောပသမဂ္ဂ (EU)ဟာ ယူရိုငွေ ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်...

ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း...

ဒူးမားလွှတ်တော် ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန်...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ယနေ့...

မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ကူဝိတ်ရှိ UN-Habitat...

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ကူဝိတ်နိုင်ငံရှိ ကုလသမဂ္ဂ လူနေအခြေချမှုအစီအစဉ် (UN-Habitat) ရုံးအကြီးအကဲ Dr. Ameera Al-Hasan...
HomeNewsLocal Newsယခုဘဏ္ဍာနှစ်အတွင်း ပနားမီး ရေငန်ပုစွန်တန်ချိန်ပေါင်း...

ယခုဘဏ္ဍာနှစ်အတွင်း ပနားမီး ရေငန်ပုစွန်တန်ချိန်ပေါင်း (၅၉၄၆ ဒသမ ၁၈၇)တန် တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံမှ ပနားမီး ရေငန်ပုစွန်များကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် တန်ချိန်ပေါင်း (၅၉၄၆ ဒသမ ၁၈၇)တန် တင်ပို့နိုင်ခဲ့ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ရေငန်ပုစွန်များကို ပြည်ပသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပြုတ်၍လည်းကောင်း ဂျပန်နိုင်ငံသို့အေးခဲ၍ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပသို့ လက်ရှိထက် ပိုမိုတင်ပို့နိုင်ရန် ပင်လယ်ပြင်တွင် ဖမ်းဆီးမှုထက် တိုးချဲ့မွေးမြူရေးကို ဆောင်ရွက်လိုကြကြောင်းလည်း သိရသည်။

ထို့ပြင် ရေငန်ပုစွန်မွေးမြူမှုအတွက် ပုစွန်သားပေါက်နှင့် အစာအား ထိုင်းနိုင်ငံမှ နှစ်စဉ်ဝယ်ယူနေရပြီး တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့်ကော့သောင်းမြို့နယ်တို့တွင် ပနားမီးပုစွန်ဖြူများကို (၂၂ ၁၇ ဒသမ ၅၆) ဧက၌ မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

အလားတူ ထားဝယ်ခရိုင် သရက်ချောင်း၊ မြိတ်ခရိုင် မြိတ်၊ ပုလော၊ ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တို့တွင် ခွင့်ပြုမိန့်ဖြင့် တိုးချဲ့ (၂၆၆၂ ဒသမ ၆၈) ဧကနှင့် ကျွန်းစုမြို့နယ်တွင် (၃၉၀ ဒသမ ၁၂)ဧက မွေးမြူကြောင်း သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီရေငန်ပုစွန်မွေးမြူရာတွင် ရေငန်နှုန်းကျဆင်းခြင်းကြောင့် ပုစွန်ကြီးထွားနှုန်းကျဆင်းခြင်း၊ ရောဂါပိုးဝင်ခြင်းများဖြစ်ခဲ့သည့်အတွက်မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးရာသီကာလတွင် ပုစွန်လျှော့မွေးပြီး နွေရာသီ၌ ပိုပြီးမွေးမြူထုတ်လုပ်ရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ်ရေလက်ကြားပြဿနာကြောင့် EU ဘီလီယံ ၉၀ ဆုံးရှုံး

​ဟော်မုဇ်ရေလက်ကြားပြဿနာတွေကြောင့် ဥရောပသမဂ္ဂ (EU)ဟာ ယူရိုငွေ ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန် (Ursula von der Leyen) က ပြောကြားလိုက်ပါတယ်။ ​အီရန်ပတ်ဝန်းကျင်က ပဋိပက္ခတွေနဲ့ ဟော်မုဇ်ရေလက်ကြားက အခြေအနေတွေကြောင့် အခုလို ယူရိုငွေ ဘီလီယံ ၉၀ အထိ ဆုံးရှုံးခဲ့ရတာလို့ သူမက ဆိုပါတယ်။ "ဟော်မုဇ်ရေလက်ကြား ပဋိပက္ခတွေ စတင်ကတည်းကဆိုရင် ပြည်ပကနေ တင်သွင်းရတဲ့ ရုပ်ကြွင်းလောင်စာတွေအတွက် ကျွန်မတို့အနေနဲ့ ယူရို ဘီလီယံ ၉၀...

ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ငသိုင်းချောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၃ ခုမှ အိမ်ထောင်စု ၂,၀၀၀၊ လူဦးရေ ၆,၅၉၃ ဦးအတွက် တစ်ပတ်စာစားနပ်ရိက္ခာ၊ တာပေါ်လင်မိုးကာရွက်ဖျင်၊ ရေသန့်စင်ဆေးပြားနှင့် အရေးပေါ်ဆေးဝါးများအပါအဝင် အခြေခံလိုအပ်သည့်ပစ္စည်းများကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။ အကူအညီရရှိသူများတွင် မသန်စွမ်းသူ ၁၃၂ ဦး ပါဝင်ပြီး အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေရာတွင် ဟင်္သာတနှင့် ကျုံပျော်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများမှ ဝန်ထမ်းများလည်း...

ဒူးမားလွှတ်တော် ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ရုရှားနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်၏ (၉) ကြိမ်မြောက် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်ရန် ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၅ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။ ခရီးစဉ်သည် ရုရှားနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဦးမောင်မောင်အုန်းက ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071