နေပြည်တော် ဇွန် (၉)
(၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် အခြေခံပညာ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ် စေခဲ့တဲ့ နစက အစိုးရက စာသင်နှစ်အစ ဇွန်လ (၄) ရက်နေ့အထိ ဖောက်ခွဲ ဖျက်ဆီးခံရတဲ့ စာသင်ကျောင်း (၂၉)ကျောင်းနဲ့ ပညာရေးရုံး (၉)ရုံး အထိ ရှိခဲ့ တယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။
စာသင်ကျောင်းတွေကို လက်ပစ်ဗုံး၊ လက်လုပ်မိုင်း အပါအဝင် မိုင်းထောင်ဖောက်ခွဲမှုတွေ ပြုလုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ယခင်နှစ်က ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် စာသင်နှစ် တစ်နှစ် နောက်ကျခဲ့ရတယ် ဆိုပြီး ပညာရေးဝန်ကြီးဌာန အနေနဲ့ ယခု ပညာသင်နှစ်မှာ ကျောင်းသား ၊ကျောင်းသူတွေကို တစ်နှစ်(နှစ်တန်း) သင်ကြားမယ့်ပုံစံကို ကြေညာခဲ့ပြီးဖြစ်ပါတယ်။
ကျောင်းသား ၊ကျောင်းသူမိဘ အချို့ကတော့ လက်ရှိ ကပ်ရောဂါ ပြန်လည် ဖြစ်ပွားလာမှု နဲ့ကျောင်းတွေ ဗုံးခွဲခံနေရတာတွေကြောင့် ကလေး ငယ်တွေ ကိုကျောင်းအပ်ဖို့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို သိရပါတယ်။