Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...
HomeCelebrities' Newsမ င်္ဂလာပွဲသုံးပွဲ ဆင်နွှဲမယ့်...

မ င်္ဂလာပွဲသုံးပွဲ ဆင်နွှဲမယ့် ကိုတာတာမျိုး နဲ့ နန်းမြတ်ဖြိုးသင်းတို့စုံတွဲ

ဝါတွင်းကင်းလွတ် သီတင်း ကျွတ်ပြီဆိုတာနဲ့ ချစ်သူစုံတွဲ ကိုယ်စီ လည်း လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲကြ ဖို့ သူသူငှာငှာ တူပြိုင်ကြည်နူးပီတိ ဝေဆာစွာဖြင့် ပြင်ဆင်နေကြတာက ချစ်စရာ့ မြန်မာ့ယဉ်ကျေးမှု ရိုးရာ ဓလေ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ပေါ်ပြူလာ ဂျာနယ်ရဲ့ ဝါကျွတ်အထူးပြုတင်ဆက် မှုအနေနဲ့ နိုဝင်ဘာလထဲမှာ မင်္ဂလာ ပွဲဆင်နွှဲကြတော့မယ့် စီးပွားရေး လုပ် ငန်းရှင် ကိုတာတာမျိုးနဲ့ နန်းမြတ်ဖြိုးသင်း တို့ ချစ်သူနှစ်ဦးရဲ့ Pre-wedding အလှဓာတ်ပုံများဖော် ပြကာ နန်း မြတ်ဖြိုးသင်းအနေနဲ့ သူ့ရဲ့ဘဝလက် တွဲဖော်ကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့ သလဲဆိုတာနဲ့မင်္ဂလာပွဲအတွက် စီ စဉ်နေမှုတွေအကြောင်း မေးမြန်းဖြစ် ခဲ့ပါတယ်။

 နန်းမြတ်ရဲ့ ဘဝလက်တွဲဖော်  ကိုတာတာမျိုးက ဘယ်လိုလူစားမျိုး လဲ။ 

သူက ရုပ်ချောတဲ့ထဲမှာမပါဘူး။ နန်းမြတ်အပေါ်မှာ စိတ်ရှည်တယ်။ တကယ်ကို နှစ်ကြာကြာနဲ့ စိတ်ရှည် ရှည်နဲ့ စောင့်နိုင်တယ်။ ပြီးတော့ နန်းမြတ်အပေါ်မှာ နားလည်ပေး တယ်။ ခွင့်လွှတ်ပေးတယ်။ အလို လိုက်တယ်။ အလိုက်သိတယ်။ ပတ် ဝန်းကျင်နဲ့ ပတ်သက်လို့ သူ့ရဲ့ ဆက် ဆံရေးကျတော့ သူကပေါင်းသင်း ဆက်ဆံရေးကောင်းတယ်။လူအများ ချစ်ခင်အောင်နေတတ်တယ်။ သူ့ရဲ့ အားသာချက်လေးတွေပေါ့။ အား နည်းချက်တွေကတော့  တအား အားနာတတ်တယ်။

အခုအချိန်မှာ လက်ထပ်ဖို့ ဘယ်လိုကြောင့် စဉ်းစားဖြစ်သွား တာလဲ။ 

နန်းမြတ်တို့ သိခဲ့တာ ၉နှစ်ရှိပြီ။ ချစ်သူသက်တမ်းကလည်း ၃နှစ်ခွဲ လောက်ရှိပြီ။ နန်းမြတ်လည်း တော် တော်ကြီး လေ့လာပြီးသွားပြီ။ နှစ် ဖက်မိဘလည်း သဘောတူပြီး စီစဉ် ချင်တာလည်း ကြာပြီ။ ကိုယ်ကလည်း အနုပညာအလုပ်နဲ့ဆိုတော့ တစ်နှစ် ပြီး တစ်နှစ်ရွှေ့လာတာပေါ့။ အခု နောက်ပိုင်းကျတော့ ကိုယ့်အသက် အရွယ်အရရော၊ ပြီးတော့ အနုပညာ အလုပ်အပြင် နောက်ပြီးအသက်ကြီး လာမယ့် အချိန်ကိုလည်း စဉ်းစား တယ်။ ကိုယ့်ရဲ့ next generation အတွက်လည်း စဉ်းစားတယ်။ ဆေး ပညာအရလည်း အသက်ကြီးမှ ကလေးယူတာမကောင်းဘူးပေါ့။ အဲဒီလိုမျိုး အဖက်ဖက်က စဉ်းစား ပြီးမှ ဆုံးဖြတ်ခဲ့တာပါ။

နန်းမြတ်တို့စုံတွဲက ဘယ်လို စုံတွဲမျိုးလဲ။

နန်းမြတ်တို့က အေးအေးဆေး ဆေးပါပဲ။ သိပ်ပြီးတော့ နှစ်ယောက် ထဲ လျှောက်သွားတဲ့အချိန်တွေက လည်း မရှိတော့ ရန်ဖြစ်ဖို့အခွင့် အရေးနည်းပါတယ်။

Pre- wedding တွေကို ဘယ်နေရာ တွေ မှာသွားရိုက်ဖြစ်လဲ။

Pre-wedding တွေက လော လောဆယ်တော့ ဥရောပမှာရယ် ပြီး တော့ ပုဂံရယ်၊ ရှမ်းပြည်မှာရယ် သွားရိုက်ဖြစ်ပါတယ်။ ဥရောပမှာက ဆန်တိုရီမှာ ရိုက်တယ်။Rome မှာရိုက်တယ်၊ ဗင်းနစ်မှာ ရိုက်တယ်။ ပြီးတော့ Paris မှာ ရိုက်တယ်။ ရှမ်း ပြည်မှာ သွားရိုက်တာက နန်းမြတ် က ပအို့ဝ်မဆိုတော့ နန်းမြတ်တို့ ပအို့ဝ် ဒေသ အငွေ့အသက်တွေပါ အောင် ပအို့ဝ်ဝတ်စုံလေးနဲ့ သွားရိုက်ထား တယ်။

ပုဂံကတော့ ကိုယ့်မြန်မာပြည် ယဉ်ကျေးမှုကို အမြတ်တနိုးထားတဲ့ အနေနဲ့ ပုဂံမှာတော့ ထမသိမ်း ဝတ်စုံ တွေနဲ့ သွားရိုက်ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေကျတော့ အရင်ထဲ က နန်းမြတ်က ဒီမြို့တွေကို Pre wedding ရိုက်ချင်တယ်ဆိုပြီး စိတ်ကူးယဉ်တာပေါ့နော်။ အဲဒါနဲ့ အ ရင်ထဲကစိတ်ကူးယဉ်ထားတာတွေကို ရအောင် ပုံဖော်တဲ့သဘောပါ။

မင်္ဂလာပွဲ ဘယ်၂ပွဲ ကျင်းပမှာ လဲ။  မင်္ဂလာပွဲက ၃ပွဲ လုပ်ပါမယ်။

လက်မှတ်ထိုးပွဲကတော့ ခန်းမထဲမှာပဲ မဟုတ်ဘဲနဲ့ ထူးထူးခြားခြားလေး လုပ်သွားမယ်။ နိုဝင်ဘာလ ၂၆ရက် နေ့မှာတော့ ဆီဒိုးနားဟိုတယ်မှာ စုလျားရစ်ပတ်ပွဲလုပ်ပါမယ်။ ပြီး တော့ နိုဝင်ဘာ ၂၇ ရက်နေ့၊ အင်းလျား လိတ်ဟိုတယ်မှာ ညစာစားပွဲလုပ် ပါမယ်။

ဝါကျွတ်မှာ နန်းမြတ်တို့လိုပဲ မင်္ဂလာပွဲဆင်နွှဲကြမယ့်သူတွေကိုရော ဘာ များပြောချင်ပါသလဲ။ 

အားလုံးပဲစိတ်ချမ်းသာပြီးတော့ ဘဝတစ်ခုကိုပျော်ရွှင်သာယာစွာ ထူထောင်နိုင်ကြပါစေလို့ ဆုမွန် ကောင်းတောင်းပေးပါတယ်။

ခိုင်ဝေလွင်

Dress – Yone Yone Dress – Yone Yone 

Photo – Naing Lin       (The Visual Arts Studio)

Place – Oia, Santorini  ,Greece

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071