ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ပြည်လမ်းနှင့် သရက်တောလမ်းထောင့်၌ ၂၀၀ ကေဗွီအေ ထရန်စဖော်မာအသစ်တစ်လုံးကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တိုးချဲ့တည်ဆောက်ပေးခဲ့ပြီးနောက် ၁၁ ကေဗွီ ဓာတ် အားလိုင်းပေ(၇၀၀)နှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းပေ (၁,၀၀၀)ဆွဲပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ပေးခဲ့၍ မှော်ဘီမြို့နယ်၊ နတ်စင်လမ်းနှင့်သရက်တောလမ်းရှိ မီးသုံးသူများအနေဖြင့် လျှပ်စစ် ဓာတ်အားတည်ငြိမ်ပြီး ဗို့အားပြည့်ဝစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်း(YESC)က မေ ၂၆ ရက်တွင် အလုံမြို့နယ်၊ ကမ်း နားလမ်းရှိ ၃၃ ကေဗွီ ဟုံဟိုင်း FID နှင့် ၃၃ ကေဗွီ ဟုံဟိုင်း ဟံသာဝတီ၊ ၆ ဒသမ ၆ ကေဗွီ ဟုံဟိုင်း အောင်ဇေယျနှင့် ၆ ဒသမ ၆ ကေဗွီ ဟုံဟိုင်းအေးရှားဝေါဓာတ် အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသည့် အန္တရာယ်ရှိသစ်ပင်သစ်ကိုင်းများကိုခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ၃၃/၆ ဒသမ ၆ ကေဗွီ သစ်ချုပ်ဓာတ်အားခွဲရုံမှ မြေအောက်ကေဘယ်လ်ကြိုးဟောင်းများအားအသစ်လဲလှယ်ခြင်း၊ ဟောင်းနွမ်းနေသည့် ၃၃ ကေဗွီ Spacer များအား အသစ်လဲလှယ်တပ်ဆင်ခြင်းတို့ကိုလည်းပြု လုပ်ခဲ့ကြကြောင်း သိရသည်။
