သရုပ်ဆောင်ဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းကနေ မွေးရာပါ ခြေထောက်ခွင်နေတဲ့ ကလေးငယ်လေးကို ကုသပေးပြီး အလှူငွေတွေ လှူနေတဲ့ အကြောင်းကို ဝေဠုကျော်ဖောင်ဒေးရှင်းပေ့ချ်မှာ ရေးသားထားပါတယ်။
“ မွေးရာပါ ခြေထောက်ခွင်နေလို့ ခွဲစိတ် ကုသထားရသည့် ကလေးပါ။သံကွင်းတွေဖြုတ်ပြီး ကျောက်ပတ်တီးစည်းထားတာ ၃လ ကျော်ရှိပါပြီ။ အလှူခံရသည့် အလှူငွေထဲက ဒီနေ့ အလှူငွေ တစ်သိန်းကို ထပ်မံ လှူပေးလိုက်ပါတယ်။
အလှူငွေ ၃၃၃၀၀၀၀ ကျပ် လှူပေးပြီးပါပြီ။ သားလေး ကလည်း ဖောင်ဒေးရှင်းကို တစ်သိန်းကျပ် ထပ်မံပြန်လှူပေးပါတယ်။ ကျန်ရှိ အလှူငွေ ၃၇၀၀၀၀ကျပ်ကို ပတ်တီးဖြည်ပြီးချိန်ထိ ခွဲဝေ ထောက်ပံ ကူညီပေးသွားမှာ ဖြစ်ပါတယ်။
နောင်အနာဂတ်မှာ သားလေး ချမ်းငြိမ်းကျော် ကျမ်းမာသန်စွမ်း တက်ကြွတယ့် ခြေလှမ်းများကို ပိုင်ဆိုင်နိူင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
#ဝေဠုကျော်ဖောင်ဒေးရှင်း “လို့ ရေးသားထားပါတယ်။
Photo-crd