Thursday, June 18, 2026

ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်၊ ကျောင်းများပိတ်ထား

ဟောင်ကောင်မိုးလေဝသဌာနက ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှုဆိုင်ရာ အမြင့်ဆုံးအဆင့်ဖြစ်သည့် အနက်ရောင် (Black Rainstorm Warning) သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး...

ကုန်သွယ်ရေးနှင့် အိန္ဒိယသင်္ဘောသားများ လုံခြုံရေးကိစ္စ ထရမ့်ပ်-မိုဒီ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့သည် G7 ထိပ်သီးအစည်းအဝေးကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယသင်္ဘောသားများ၏ လုံခြုံရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း...

အီရန်အရေးတွင် ကြားနေခဲ့သည့် ရှီကျင့်ဖျင်နှင့် ပူတင်ကို...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အရေးနှင့် ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ ရပ်တည်ချက်ကို ချီးကျူးပြောကြားခဲ့ပြီး ပဋိပက္ခအတွင်း ကြားနေသဘောထားဖြင့် ရပ်တည်ခဲ့သည့်အတွက်...

မိုင်းလားတွင် NSPNC နှင့် အထူးဒေသ(၄)...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား...
HomeNewsLocal Newsမွေးမြူရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော ပဲပုပ်ကြိတ်ဖတ်ကို...

မွေးမြူရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော ပဲပုပ်ကြိတ်ဖတ်ကို နှစ်စဉ်မက်ထရစ်တန်ချိန် သုညဒသမ (၆) သန်းခန့် ပြည်ပမှ ဝယ်ယူနေရ

ပြည်တွင်း မွေးမြူရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော ပဲပုပ်ကြိတ်ဖတ်ကိုလည်း နှစ်စဉ်မက်ထရစ်တန်ချိန် (၀ ဒသမ ၆) သန်းခန့်ကို ပြည်ပမှ ဝယ်ယူနေရကြောင်းပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ် ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း စီမံကိန်းစတင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်၏ (၅၈) ရာခိုင်နှုန်းနီးပါးကိုလည်း နိုင်ငံခြားငွေအမြောက်အမြား အကုန်အကျခံကာ တင်သွင်းနေရကြောင်း သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂ဝ၂၅)ဖြင့် ဆောင်ရွက်မည့် စားသုံးဆီနှင့်ပဲပုပ်ကြိတ်ဖတ်ဖူလုံရေးအတွက် ပဲပုပ်ကြိတ်ခွဲရန် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း စီမံကိန်းစတင်ရေး အလုပ်ရုံဆွေးနွေးပွဲသည် ယခင်စီမံကိန်း၏ အောင်မြင်မှုအတွေ့ အကြုံများအပေါ် အတွေ့အကြုံရယူ၍ ပိုမိုတိုးတက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းအသစ်ဖြစ်ကြောင်းလည်း သိရသည်။

ပြည်တွင်းဖြစ် ထုတ်ကုန်များဖြင့် အထက်ပါလိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အရ ည်အသွေးပြည့်မီသည့် ပဲပုပ်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအပါအဝင် ယခုစီမံကိန်းသည် ပြည်တွင်းစွမ်းအား၊ သုတေသနနှင့် နည်းပညာများဖြင့် ရင်ဆိုင်ဖြေရှင်းမည့် မဟာဗျူဟာမြောက်ချဉ်းကပ်မှုဖြစ်ပြီး ဤစီမံကိန်း၏ အဓိကရည်မှန်းချ က်မှာ ပဲပုပ်စိုက်ပျိုးရေးမှသည် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် စားသုံးဆီနှင့် ပဲပုပ်ဖတ်အထိ တန်ဖိုးကွင်းဆက် တစ်ခုလုံးကို ခိုင်မာအောင်တည်ဆောက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သေးသည်။

ဓာတ်ပုံ – MOI

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟောင်ကောင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်၊ ကျောင်းများပိတ်ထား

ဟောင်ကောင်မိုးလေဝသဌာနက ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှုဆိုင်ရာ အမြင့်ဆုံးအဆင့်ဖြစ်သည့် အနက်ရောင် (Black Rainstorm Warning) သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး စာသင်ကျောင်းများပိတ်ထားရန်နှင့် လုပ်ငန်းအချို့ကို ယာယီရပ်နားထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ တစ်နာရီလျှင် မိုးရေချိန် ၇၀ မီလီမီတာကျော် ရွာသွန်းနေပြီး ဆက်လက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်သေးကြောင်း သိရသည်။ ယခုသတိပေးချက်သည် ၂၀၂၆ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် အနက်ရောင်သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ဇွန် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အနောက်တောင်မုတ်သုံလေအားကောင်းစွာ...

ကုန်သွယ်ရေးနှင့် အိန္ဒိယသင်္ဘောသားများ လုံခြုံရေးကိစ္စ ထရမ့်ပ်-မိုဒီ ဆွေးနွေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့သည် G7 ထိပ်သီးအစည်းအဝေးကာလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အိန္ဒိယသင်္ဘောသားများ၏ လုံခြုံရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထရမ့်ပ်က မိုဒီနှင့် တွေ့ဆုံဆွေးနွေးမှုမှာ အလွန်အဆင်ပြေခဲ့ကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီချက်များ ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း ပြောဆိုခဲ့သည်။ ထို့ပြင် မိုဒီကို “ပြတ်သားသော ညှိနှိုင်းဆွေးနွေးရေးသမား” ဟု ချီးကျူးပြောကြားခဲ့ပြီး အနာဂတ်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည့်အစီအစဉ်ရှိကြောင်း သတင်းထောက်များအား အသိပေးခဲ့သည်။ ယခုတွေ့ဆုံမှုသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် မိုဒီ၏ ဝါရှင်တန်ခရီးစဉ်နောက်ပိုင်း ခေါင်းဆောင်နှစ်ဦးအကြား...

အီရန်အရေးတွင် ကြားနေခဲ့သည့် ရှီကျင့်ဖျင်နှင့် ပူတင်ကို ထရမ့်ပ် ကျေးဇူးတင်စကားပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အရေးနှင့် ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ ရပ်တည်ချက်ကို ချီးကျူးပြောကြားခဲ့ပြီး ပဋိပက္ခအတွင်း ကြားနေသဘောထားဖြင့် ရပ်တည်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထရမ့်ပ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “သူတို့ဟာ အခြေအနေတွေကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့ပြင် G7 ထိပ်သီးအစည်းအဝေးကာလအတွင်း သတင်းထောက်များအား ပြောကြားရာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပဋိပက္ခအပေါ် အပြည့်အဝ ကြားနေသဘောထားဖြင့် ရပ်တည်ခဲ့ကြောင်း၊ ရုရှားသမ္မတ ပူတင်သည်လည်း အလားတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071