မွေးနေ့ အထိမ်းအမှတ်နဲ့ ပရိသတ်တွေကို အွန်လိုင်း ကနေ အသုံးအဆောင် ပစ္စည်းများ မဲဖောက်ပေးသွားမယ် ဆိုတဲ့ ထက်ထက်မိုးဦး
သရုပ်ဆောင် ထက်ထက်မိုးဦးဟာ သူမရဲ့မွေးနေ့ကုသိုလ် အလှူအဖြစ် အဝတ်အထည်၊ မိတ်ကပ်၊ ပုဝါ၊ ပိုက်ဆံအိတ်အားလုံးကို အွန်လိုင်း ကနေ သူမရဲ့ ပရိသတ်တွေကို မဲဖောက်ပေး သွားမှာဖြစ်ပါတယ်။ ရောဂါ အခြေအနေကြောင့် ကိုယ်တိုင်သွားရောက် မလှူဒါန်းနိုင်တဲ့ အကြောင်းကို လဲ သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။
“ထက် မင်းသမီးစဖြစ်ခဲ့တဲ့အချိန်ကနေ ခုချိန်ထိ နှစ်တိုင်း အမြဲလုပ်နေကြ ကိစ္စလေး တစ်ခုရှိပါတယ်။
စာနာမှုနဲ့လှူတဲ့ မွေးနေ့ကုသိုလ် ဆိုပြီး 2008 ကနေစပြီး တနိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးကျောင်းတွေ ထက်ဝတ်ခဲ့တဲ့ အဝတ်လေးတွေ မွေးနေ့ရောက်တိုင်း လှူဒါန်းနေကြဖြစ်တဲ့ အလှူလေးတစ်ခုလုပ်ချင်ပါတယ်။ ဒီနှစ်တော့ ထက်ရဲ့ခါးကျီးပေါင်းကြောင့် မထနိုင် မသွားနိုင် ဖြစ်ခဲ့ ရ အခုသက်သာပြန်တော့လည်း ရောဂါတွေကြောင့် သွားလုပ်လို့ မရတာမို့ အွန်လိုင်းကပဲ ပေးချင်ပါတယ်။
အဝတ်အထည်၊ မိတ်ကပ်ကတော့ အသစ် ၊ ပုဝါ ၊ ပိုက်ဆံအိတ် အားလုံးကို အွန်လိုင်းကပဲ ပေးသွားတော့မယ်။အဝတ်အထည်ကိုတော့ ဖြစ်နိုင် ရင် နယ်ကညီမလေးတွေကို ပေးစေချင်တာပေါ့ ။ မိတ်ကပ်တို့ ပိုက်ဆံအိတ်တွေတော့ နေရာမရွေး လူတိုင်း ယူလို့ရပါတယ်။
အပေါက်အပြဲမပါအောင်တော့ သေချာရွေးပေးပါ့မယ်။ Deli အပ်ပေးရမှာလည်း နဲနဲတော့ကြောက်ပါတယ် အရင်တခါ မဲဖောက်ပေးထားတဲ့ ငှက်သိုက် ၂ ဖာ ပျောက်ပြီး ငွေလည်းမအမ်း ပစ္စည်းလည်းမပို့တော့ အရဲစွန့်ပြီး အကောင်းဆုံးတော့ ထက်ကြိုးစားပေးမယ်နော်။” ရေးသား ထားပါတယ်။
#Popularjournal
Photo-crd