ယနေ့ မေ (၂၅)ရက်တွင် ကျင်းပပြုလုပ်သည် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲစဉ်အတွင်း မွေထိုင်းချန်ပီယံ ဖာမီချိုင်းကို ရိုးရာဖိုက်တာ ရာမာန်က ပထမ အချီတွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီဖြစ်သည်။
ရာမာန်အနေဖြင့် ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာ ဖာမီချိုင်းကို ပထမအချီ၌ပင် Knock down နစ်ကြိမ်ကျအောင် ထိုးသ-တ်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ဖားမီချိုင်းမှာ မြန်မာပရိတ်သတ်များရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။
ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်နေ့၌ ကရင်ပြည်နယ်၊ ထို့ကော့ကိုး ကျေးရွာတွင် ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် လာရောက်ထိုးသ-တ်ပြီး သွေးသစ်ဝင်းလှိုင်ကို သူတင်ကိုယ်တင် သရေကစားထားသည့် ကစားသမားတစ်ဦးဖြစ်သည်။
မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲမှရရှိသည့် ငွေကြေးများကို ငလျင်ဒဏ်သင့်ဒေသသို့ လှူဒါန်းသွားရန်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲအတွင်း ခေါင်တွဲဆိုင်းများအနေဖြင့် ထွ န်းမင်းနိုင် နှင့် Veenut (ထိုင်း)၊ ရာမာဉ်နှင့် ဖာမီချိုင်း(ထိုင်း)၊ ကျော်ဇင်လတ် (MFC)နှင့် ထွန်းတောက်မင်း (အဖြူရောင်သွေးသစ်)တို့အပါအဝင် တွဲဆိုင်း (၁၂)ဆိုင်း ပါဝင်ထိုးသ-တ်သွားကြမည်ဖြစ်သည်။