Thursday, February 13, 2025

သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃...

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ...
HomeInternationalမြောက်ကိုရီးယားနှင့် သုံ့ပန်းအလဲအလှယ်လုပ်ရန်အသင့်ရှိ--ဇလန်းစကီး

မြောက်ကိုရီးယားနှင့် သုံ့ပန်းအလဲအလှယ်လုပ်ရန်အသင့်ရှိ–ဇလန်းစကီး

ရုရှားလက်တွင်းရောက် ယူကရိန်းနိုင်ငံသားများနှင့် အလဲအလှယ်လုပ်နိုင်ရေး ကို ဝင်ရောက်ဆောင်ရွက်ပေးမည်ဆိုပါက ဖမ်းမိထားသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ခေါင်းဆောင်ကင်ဂျုံအန်ထံ လွှဲပြောင်းပေးရန် ကိဗ်က အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“ပထမဆုံး ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေအပြင် နောက်ထပ်လည်း ဖမ်းမိဦးမှာ သေချာပါတယ်၊ ဒါက ငါ့တပ်တွေ နောက်ထပ် မဖမ်းဆီးခင်လေးမှာ လုပ်တဲ့ကိစ္စပါ” ဟု ဇလန်းစကီးက X ပေါ်တွင် ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ ကာ့ခ်ဒေသတွင် ယူကရိန်းတပ်များက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းမိခဲ့သည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် ဇလန်းစကီးက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် သုံးနှစ်နီးပါးကြာပြီဖြစ်သော စစ်ပွဲအတွင်းသို့ ပြီးခဲ့သောဆောင်းဦးပေါက်တွင် မြောက်ကိုရီးယားတပ်များ စတင်ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းက မြောက်ကိုရီးယားစစ်သားများကို ဖမ်းမိကြောင်း ပထမဆုံးအကြိမ် ထုတ်‌ဖေါ် ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများ၏ အကဲဖြတ်ချက်များအရ ကာ့ခ်ဒေသတွင် ရုရှားတပ်များကို ကူတိုက်ရန် မြောက်ကိုရီးယားစစ်သား ၁၁,၀၀၀ ခန့် စေလွှတ်ချထားသည်ဟု သူက ဆက်လက်ပြောကြားခဲ့သည်။ ရုရှားဘက်ကမူ အဆိုပါ တပ်ဖြန့်ချထားမှုကို အတည်ပြုခြင်းမရှိသကဲ့သို့ ငြင်းချက်ထုတ်ခြင်းလည်း မရှိပေ။

ရုရှားနှင့် မြောက်ကိုရီးယားတပ်များ အကျအရှုံးများနေသည်ဟု ဇလန်းစကီးက ပြောသည်။

“ရုရှားမှာ ဖမ်းဆီးခံထားရတဲ့ ကျွန်တော်တို့စစ်သည်တွေနဲ့ အလဲအထပ်လုပ်ဖို့ သူစီစဉ်ပေးနိုင်မယ်ဆိုရင် ကင်ဂျုံအန့်စစ်သားတွေကို သူ့ဆီလွှဲပေးဖို့ ယူကရိန်းက အသင့်ပါ” ဟု ဇလန်းစကီးက ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားစစ်သားများကို ထုတ်ပြထားသည့် ဗီဒီယိုဖိုင်အတိုကိုလည်း သူက တင်ထားခဲ့ပြီး စစ်သားတစ်ဦးသည် ပတ်တီးများဖြင့် ကုတင်ပေါ်တွင် လှဲနေခဲ့ကာ နောက်တစ်ဦးသည် မေးသိုင်းပတ်တီးတစ်ခုဖြင့် ထိုင်နေခဲ့သည်ကို တွေ့ရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိ မိန်းကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီ ၁၆ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် အခင်းဖြစ်နေရာအနီးနေသူများထံမှ သိရသည်။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂ လာဒုံလမ်းမကြီးအတိုင်း သံချောင်းများတင်၍ မောင်းနှင်လာသည့်တွဲကားသည် အခင်းဖြစ်နေရာအရောက် ရှေ့မှကားတစ်စီးအားကျော်တက်စဥ် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။ " ကောင်မလေးက ကျောင်းသူလေးပါ။ တိုက်မိတဲ့အရှိန်နဲ့ တွဲကားအောက်ထဲမှာညပ်ပြီး သေဆုံးသွားတာပါ။ Body ကအတော်အခြေအနေဆိုးဆိုးဖြစ်သွားတယ်" ဟု...

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ် တပ်မတော်ထောက်လှမ်းရေးဌာန (DDIS) က ပြောကြားခဲ့သည်။ "ရုရှားသည် နေတိုး ကို စစ်ရေးအရအားနည်းသည်ဟု သတ်မှတ်မိပါက သို့မဟုတ် နိုင်ငံရေးအရ ကွဲပြဲ နေသည်ဟု မြင်မိပါက ဥရောပ နေတိုး အဖွဲ့ဝင် တစ်နိုင်ငံ သို့မဟုတ် တစ်ခုထက်ပိုသော နိုင်ငံများကိုဒေသတွင်းစစ်ပွဲတွင် စစ်အင်အားသုံးရန် ရုရှားက ပိုမိုဆန္ဒရှိလိမ့်မည်" ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး မစ္စတာမိုက်ခ်ဝေါ့ဇ်ကမူ ထရမ့်ပ်၏အရှေ့အလယ်ပိုင်းအထူးသံတမန် မစ္စတာစတိဗ်ဝစ်တော့ဖ်သည် ဖိုဂယ်လ်ပြန်လွတ်ရေးအတွက်မော်စကိုသို့လာရောက်ခဲ့ပြီး ဖိုဂယ်လ်သည် ၎င်းနှင်အတူပြန်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၆၁ နှစ်အရွယ်ရှိဖိုဂယ်လ်သည် မော်စကိုမြို့ရှိ အင်္ဂလိပ်-အမေရိကန် ကျောင်းတွင် သမိုင်းဆရာအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး အလုပ်လုပ်ခဲ့ကြောင်းလည်း CNN သတင်းဌာနကဖော်ပြခဲ့သည်။ ဖိုဂယ်လ်နှင့်၎င်း၏ဇနီးတို့ကို ၂၀၂၁ ခုနှစ်က နူးယော့ခ်မှရုရှားသို့အဝင်တွင် ခရီးဆောင်အိတ်အတွင်းမှမူ-းယစ်ဆေးများနှင့်အတူဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။၎င်း၏ဇနီးကို ပြန်လွှတ်ပေးခဲ့ပြီး အဆိုပါအမျိုးသမီးက နေအိမ်ရှိမူ-းယစ်ဆေးများကိုအချိန်မီဖယ်ရှားနိုင်ခဲ့သည်ဟုလည်းသိရသည်။ ၂၀၂၁ ခုနှစ်တွင်ဖမ်းမိပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071