Tuesday, April 29, 2025

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး...

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ...

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊...

စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများတွင်...

တနင်္လာနေ့က စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်၏ အချို့ဒေသများ(ခဏတာ) တို့တွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်မှုကြောင့် လူသန်းပေါင်းများစွာ၏ နေ့စဉ်လုပ်ငန်းဆောင်တာများ ရပ်တန့်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများ - အလုပ်သွားအချိန်တွင်...
HomeNewsLocal Newsမြေပေါ် မြေအောက် သယံဇာတများကို...

မြေပေါ် မြေအောက် သယံဇာတများကို ကုန်ချောအဖြစ်ထုတ်လုပ်ကာ တင်ပို့ရောင်းချနိုင်ရန် ဒေသခံလုပ်ငန်းရှင်များအား နည်းပညာပံ့ပိုးကူညီမည်ဟုဆို

မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများအား ပြည်ပသို့တင်ပို့ရာတွင် ကုန်ကြမ်းအဖြစ်မဟုတ်ဘဲ ကုန်ချောအ ဖြစ် ထုတ်လုပ်ကာ တင်ပိုါနိုင်ရန်အတွက် ဒေသခံလုပ်င န်းရှင်များအား နည်းပညာပိုင်းပံ့ပိုးကူညီပေးနိုင်ရေး နည်း လမ်းရှာသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ဒီဇင်ဘာ (၂၀) ရက် နံနက်ပိုင်းက ပြုလုပ်သည့် တိုင်းဒေ သကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌဖြစ်သည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှလည်း မြေ ပေါ်မြေအောက် သယံဇာတပစ္စည်းများကို ကုန်ကြမ်း အ တိုင်း ရောင်းချခြင်းမဟုတ်ဘဲ ကုန်ချောပစ္စည်းများအဖြ စ် ထုတ်ကုန်များထုတ်လုပ်၍ တင်ပို့ရောင်းချကာအကျိုးရှိရှိ အသုံးချသွားရန်လမ်းညွှန်ခဲ့တဲ့အတွက် ဒေသခံလုပ် ငန်းရှင်များကို နည်းပညာအထောက်အပံ့ ပေးနိုင်ရေး န ည်းလမ်းများရှာသွားကြဖို့ လိုအပ်ပါတယ်” ဟု စစ်ကိုင်း တိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီးသည် တွင်းထွက်သယံဇာတပေါ များခြင်းနှင့် စီးပွားရေးကဏ္ဍများ စုံလင်ပြီး ထူးခြားသ ည့် လက္ခဏာများရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြော င်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်နှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နည်းလမ်းပေါင်းစုံအသုံးပြုကာ အောင်မြင်အောင် ဆောင်ရွက် သွားကြရန်လည်း တိုက်တွန်း ပြောကြားသွားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအ ဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် စ က်မှုဇုန်များတွင်လည်း စက်မှုလုပ်ငန်းရှင်များအား ဦးစား ပေးဖိတ်ခေါ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အားထားရသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို တမူး – မန္တလေး – မူဆယ်လမ်းကြောင်းဖြင့် ကုန်သွယ်မှုလမ်း‌ေကြာင်းဖြင့် ဆက်သွယ်ပေးထားသည့် တိုင်းဒေသကြီးတစ်ခုဖြစ် ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိလပ်မြေအိတ်များ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေ

ငလျင်ဒဏ်သင့် ဒေသများရှိ ပြိုကျပျ-က်စီးသွားသည့် အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် ဘိလပ်မြေလိုအပ်ချက် မြင့်မားလာမှုကြောင့် ဘိလပ်မြေများ ပိုမိုတိုးထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဘိလပ်မြေအများဆုံး ထုတ်လုပ်နိုင်သည့် Alpha ဘိလပ်မြေစက်ရုံ၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် ဆင်မင်းဘိလပ်မြေစက်ရုံများမှ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံသည် လာမည့်မေလ (၁၅)ရက်မှစတင်ကာ နေ့စဥ် အိတ်တစ်သိန်း ထုတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အရေးပါသည့် ဘိလပ်မြေများကို တတ်နိုင်သရွေ့ အမြန်ဆုံးထုတ်လုပ်ကာ စျေးကွက်အတွင်းရောက်ရှိဖို့ တာဝန်ရှိသူများ စုပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

တာချီလိတ်တွင် တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ နေအိမ်အချို့ရေဝင်ရောက်မှုဖြစ်ပွား

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ (၂ ၉)ရက် မွန်းလွဲပိုင်းအချိန်၌ တောင်ကျချောင်းရေနှင့်အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်းရပ်ကွက်တွင် ရေစတင်ဝင်ရောက်လျက်ရှိပြီး ရပ်ကွက်နေပြည်သူများ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ " မိုးများရင်တောင်ကျရေဆင်းပြီး ချောင်းရေမြင့်တက်တာက နှစ်တိုင်းပါပဲ။ အခုတော့ စောင့်ကြည့်နေပါတယ်။ ပြီးခဲ့နှစ်ကတော့ မိုးများပြီး ချောင်းရေတက်တာတွေ မြေပြိုတာတွေကြောင့် လူ‌ေ-သဆုံးမှုတွေလည်း ရှိခဲ့တယ်။ အခုတော့ရပ်ကွက်မှာ သတိပေးထားတာတွေ...

မန္တလေးတွင် ပြိုကျအဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာ ရှာဖွေရောင်းစားသူများရှိလာ

မန္တလေးငလျင်ကြီးကြောင့် ပြိုကျသွားခဲ့ရသည့် အဆောက်အဦးများမှ တန်ဖိုးကြီးလက်ဝတ်ရတနာများ ရှာဖွေကာ ပြန်လည်ရောင်းစားသူများ ရှိလာနေသည်။ “ဒီဖျက်လိုက်တဲ့ အဆောက်အဦးမြေပုံတွေကို ပြန်ပစ်တဲ့နေရာရှိတယ်။ အဲဒီမှာလည်းရှာကြတာ၊ တချို့ လက်စွပ်ရတယ်၊ ရကြတာလည်းရှိတယ်၊ ရှာတဲ့လူများလာလို့ လုံခြုံရေးတွေနဲ့ အဲဒီနေရာတွေကို ထိန်းထားပိတ်ထားရတယ်” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ ငလျင်ကြောင့် မန္တလေးမြို့တွင် ကွန်ဒိုတိုက်ခန်များ၊ အထပ်မြင့်တိုက်များ ၊ ဟိုတယ်များ အပါအဝင် လူနေတိုက်တာ အဆောက်အဦး အများအပြားလည်း ပြိုကျခဲ့ရသည်။ ယင်းအဆောက်အဦများတွင်လည်း ချမ်းသာသူအများစုနေထိုင်သောကြောင့် တန်ဖိုးကြီးလက်ဝတ်ရတနာပစ္စည်းများလည်း အနည်းနှင့်အများ မြေစာပုံထဲတွင် ပါသွားတတ်သည်ဟု အထက်ပါ ဒေသခံကပင် ဆိုသည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071